သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏ဖြောင့်မတ်ခြင်းကြောင့် ဤသာယာဝပြောသောပြည်ကို သင့်အား အပိုင်ပေးသည်မဟုတ်ကြောင်း သင်သိမှတ်ရမည်။ အကယ်စင်စစ် သင်သည် ခေါင်းမာသောလူမျိုးဖြစ်၏။
သင်တို့နှင့်ထိုက်တန်သဖြင့်ထိုအစာရေစာ ပေါကြွယ်ဝသောပြည်ကို သင်တို့အားထာဝရ ဘုရားပေးတော်မူခြင်းမဟုတ်ကြောင်းသိ မှတ်ကြလော့။ သင်တို့သည်ခေါင်းမာသော လူမျိုးဖြစ်၏။''
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သူ သင် တို့ အား၊ ဤ ပြည် ကောင်း ကို သင် တို့ ဖြောင့် မတ် ခြင်း ကြောင့် အ ပိုင် ပေး တော် မူ မည် မ ဟုတ် ဟု သိ မှတ် ကြ လော့။
သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သောပြည်ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာသောအမျိုးဖြစ်၏။
ယခုမှာ ဘိုးဘေးတို့ကဲ့သို့ သင်တို့ ခေါင်းမမာကြနှင့်။ ထာဝရဘုရား အစဉ်သန့်ရှင်းစေတော်မူသောသန့်ရှင်းရာဌာနတော်သို့လာ၍ ဆက်ကပ်ကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစေခံကြလော့။ သို့မှ ပြင်းထန်သောအမျက်တော်သည် သင်တို့ထံမှ ပြန်လှည့်သွားလိမ့်မည်။
သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ခေါင်းမာသောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။
နို့နှင့်ပျားရည်စီးသောပြည်သို့ သွားလော့။ သို့သော် သင်နှင့်အတူ ငါမသွား။ အကြောင်းမူကား သင်သည် ခေါင်းမာသောလူမျိုးဖြစ်၏။ လမ်းခရီး၌ သင့်ကို ငါဖျက်ဆီးမိမည်စိုး၏”ဟု မိန့်တော်မူ၏။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
သူတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့ထံသို့ သင့်ကိုစေလွှတ်၍ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟု ဆင့်ဆိုစေခြင်းဖြစ်၏။
အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့၏မကောင်းသောအပြုအမူ၊ ဖောက်ပြန်သောအကျင့်အကြံများကြောင့်မဟုတ်ဘဲ ငါ့နာမကိုထောက်၍ သင်တို့ကို ငါစီရင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့ဖြစ်၍ အစ္စရေးအမျိုးအား ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးတို့၊ ယခု ငါပြုသောအမှုသည် သင်တို့အတွက်မဟုတ်။ သင်တို့ရောက်လေရာ လူမျိုးခြားတို့အလယ်တွင် သင်တို့ရှုတ်ချသော ငါ၏သန့်ရှင်းမြင့်မြတ်သောနာမအတွက်ဖြစ်၏’ဟု မိန့်တော်မူ၏။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးအရေဖျားကိုလှီးကြလော့။ ခေါင်းမမာကြတော့နှင့်။
ထိုအချိန်၌ ငါသည် သင်တို့အား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့သော် ရဲစွမ်းသတ္တိရှိသူအပေါင်းတို့သည် လက်နက်ကိုင်စွဲလျက် သင်တို့ညီအစ်ကိုအစ္စရေးအမျိုးသားတို့၏ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာတတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ဤလူမျိုးသည် ခေါင်းမာသောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။
သင်တို့ကို ငါသိသည့်နေ့မှစ၍ သင်တို့သည် ထာဝရဘုရားကိုပုန်ကန်လျက်ရှိကြပြီ။