“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
တရားဟော 9:29 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ဤသူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ ကိုယ်တော်၏ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည့် ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ဖြစ်ကြပါ၏’ဟု ဆုတောင်းလေ၏။ Common Language Bible စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။'' Garrad Bible ဤ သူ တို့ မှာ၊ မ ဟာ တန် ခိုး တော်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ထုတ် ဆောင် ခဲ့ သော ပိုင် တော် မူ ရာ လူ မျိုး ဖြစ် ကြ ပါ သ တည်း ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ လေ ၏။ Judson Bible ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကိုဆန့်သဖြင့် နုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။ |
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
သူတို့သည် သံမီးပြင်းဖိုအီဂျစ်ပြည်ထဲမှ ကိုယ်တော်ခေါ်ထုတ်တော်မူခဲ့သော ကိုယ်တော်၏အမွေခံလူမျိုးတော်ဖြစ်ပါသည်။
သူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ အားကြီးသောလက်တော်ဖြင့် ရွေးနုတ်တော်မူသော ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏လူမျိုးတော် ဖြစ်ပါ၏။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ပိုင်ဆိုင်ရာ၊ ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏စားကျက်မှ သိုးစုဖြစ်ကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အပေါ်အမျက်ထွက်၍ မိမိ၏အမွေတော်ကို စက်ဆုပ်ရွံရှာတော်မူ၏။
တန်ခိုးကြီးသောလက်တော်နှင့် ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်၍ ကိုယ်တော်၏အမွေတော်ကို ကောင်းချီးပေးတော်မူပါ။ သူတို့ကိုထိန်းကျောင်း၍ သူတို့ကိုအစဉ်အမြဲ ပွေ့ချီခေါ်ဆောင်တော်မူပါ။
ကိုယ်တော်သည် မိမိ၏လူမျိုးတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်၏အမျိုးအနွယ်တို့ကို လက်ရုံးတော်ဖြင့်ရွေးနုတ်တော်မူပြီ။(စေလာ)
အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏စားကျက်၌ ကျက်စားသောသူ၊ ကိုယ်တော်၏လက်တော်ထဲမှ သိုးစုဖြစ်ကြ၏။ ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
ယခု သင်တို့သည် ငါ့စကားကိုသေချာစွာနားထောင်၍ ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင် လူမျိုးတကာတို့တွင် သင်တို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အကယ်စင်စစ် ကမ္ဘာမြေတစ်ခွင်လုံးကို ငါပိုင်၏။
ယခု အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်အား ကိုယ်တော်၏လမ်းခရီးကို သိစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် ကိုယ်တော်ကိုသိမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလိမ့်မည်။ ဤလူမျိုးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်သည်ကို ဆင်ခြင်တော်မူပါ”ဟု လျှောက်လေ၏။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
အကျွန်ုပ်တို့သည် ရှေးကာလကပင် ကိုယ်တော်မအုပ်စိုးသောသူများ၊ ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းမခံရသောသူများဖြစ်ကြပါ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် မြေစေးဖြစ်၏။ ကိုယ်တော်သည် အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လက်တော်ဖြင့် ဖန်ဆင်းထားသောသူများ ဖြစ်ကြပါ၏။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
ထာဝရဘုရားက ‘ထ၍ ဤနေရာမှ အလျင်အမြန်ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်လာသောလူတို့သည် ဖောက်ပြန်ကြပြီ။ သူတို့အား ငါမိန့်မှာထားသောလမ်းမှ မြန်မြန်ဆန်ဆန်လွဲသွားကြပြီ။ မိမိတို့အတွက် ရုပ်တုကိုသွန်းလုပ်ကြပြီ’ဟု မိန့်တော်မူ၏။
ငါသည် ထာဝရဘုရားအား ‘အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏တန်ခိုးတော်ဖြင့် ရွေးနုတ်တော်မူသော၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ကို ဖျက်ဆီးတော်မမူပါနှင့်။