သို့သော် သူတို့သည် အမြင့်ဆုံးသောအရှင်ကို ခြောက်သွေ့သောအရပ်တွင်ပုန်ကန်သောအားဖြင့် နောက်တစ်ဖန်ထပ်၍ ကိုယ်တော်ကိုပြစ်မှားကြ၏။
တရားဟော 9:22 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ် တို့၌လည်း ထာဝရဘုရားကို အမျက်တော်ထွက်စေခဲ့ကြ၏။ Common Language Bible ``သင်တို့သည်တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်တို့၌ရှိစဉ်ကလည်း ထာဝရဘုရားအားအမျက်တော်ထွက်စေ ခဲ့ကြသည်။- Garrad Bible တ ဗေ ရ၊ မဿာ၊ ကိ ဗြုတ် ဟ တ္တ ဝါ အ ရပ် များ ၌ လည်း၊ ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် ပြု ကြ သည့် ပြင်၊ Judson Bible တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကို အမျက်တော်ထွက်အောင် ပြုကြ၏။ |
သို့သော် သူတို့သည် အမြင့်ဆုံးသောအရှင်ကို ခြောက်သွေ့သောအရပ်တွင်ပုန်ကန်သောအားဖြင့် နောက်တစ်ဖန်ထပ်၍ ကိုယ်တော်ကိုပြစ်မှားကြ၏။
ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ရန်တွေ့ကြသောကြောင့်လည်းကောင်း၊ “ထာဝရဘုရားသည် ငါတို့၌ရှိသလော၊ မရှိသလော”ဟု ဆိုလျက် ထာဝရဘုရားအား အကဲစမ်းကြသောကြောင့်လည်းကောင်း ထိုအရပ်၏အမည်ကို မဿာ ဟူ၍လည်းကောင်း၊ မေရိဘ ဟူ၍လည်းကောင်း ခေါ်လေ၏။
ထိုအရပ်၌ အာသာဆန္ဒပြင်းပြသောလူတို့ကို သင်္ဂြိုဟ်ခဲ့ရသောကြောင့် ထိုအရပ်၏အမည်ကို ကိဗြုတ်ဟတ္တဝါ ဟုခေါ်ဆိုလေ၏။
ထို့နောက် မောရှေက အာရုန်အား “မီးကျီးခံဗန်းကိုယူ၍ ယဇ်ပလ္လင်ပေါ်ရှိမီးကို ထိုဗန်းထဲသို့ထည့်ပြီးလျှင် နံ့သာပေါင်းကိုတင်လော့။ လူထုထံသို့အလျင်အမြန်ယူသွား၍ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုပေးလော့။ ထာဝရဘုရားထံမှ အမျက်တော်ထွက်သဖြင့် ဘေးဒဏ်ကျရောက်စပြုလေပြီ”ဟု ဆို၏။
လေဝိအမျိုးကိုကား၊ ကိုယ်တော်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ ကိုယ်တော်စမ်းသပ်သော၊ မေရိဘစမ်းရေနား၌ ကိုယ်တော်ရန်တွေ့သော ကိုယ်တော်၏သန့်ရှင်းသူတို့နှင့်အတူရှိပါစေသော။