ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
တရားဟော 9:15 - မြန်မာ့စံမီသမ္မာကျမ်း ငါသည်လည်း လက်နှစ်ဖက်၌ ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကိုင်လျက် မီးတောက်လောင်နေသောတောင်ပေါ်မှ လှည့်၍ဆင်းလာခဲ့၏။ Common Language Bible ``သို့ဖြစ်၍ငါသည်ပဋိညာဉ်ကျောက်ပြား နှစ်ပြားကိုယူဆောင်၍ တောင်ပေါ်မှပြန်ဆင်းခဲ့ သည်။ တောင်မှမီးတောက်မီးလျှံများထွက် လျက်ရှိ၏။- Garrad Bible ငါ သည် ပ ဋိ ညာဉ် တော် ဆိုင် ရာ ကျောက် နှစ် ပြား ကို လက် စုံ ကိုင် ယူ လျက်၊ မီး တောက် သော တောင် ပေါ် က လှည့် ဆင်း၍ ရှု ကြည့် ရာ၊ Judson Bible ထိုအခါငါသည် ပဋိညာဉ်ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ လှည့်၍ မီးလောင်သောတောင်ပေါ်က ဆင်းလာ၏။ |
ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
ထိုအခါ မောရှေသည် မိမိ၏တောင်ဝှေးကို မိုးကောင်းကင်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် မိုးချုန်းသံများနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်သို့ကျလာ၏။ ထာဝရဘုရားသည် အီဂျစ်ပြည်အပေါ်သို့ မိုးသီးကို ရွာကျစေတော်မူ၏။
သင်တို့လည်း ချဉ်းကပ်လာ၍ တောင်ခြေရင်း၌ ရပ်နေကြ၏။ ထိုအခါ တောင်ပေါ်၌ မိုးကောင်းကင်အလယ်တိုင်အောင် မီးတောက်လောင်ပြီး မှောင်မည်းသောမိုးတိမ်နှင့်အမှောင်ထုဖုံးလေ၏။
တောင်တစ်တောင်လုံး မီးတောက်လောင်နေစဉ် အမှောင်ထဲမှအသံတော်ကို သင်တို့ကြားရသောအခါ သင်တို့မျိုးနွယ်များထဲမှအကြီးအမှူးနှင့်သက်ကြီးဝါကြီးအပေါင်းတို့သည် ငါ့ထံသို့ချဉ်းကပ်လာ၍
ထိုအချိန်၌ သင်တို့သည် ထာဝရဘုရားမိန့်မှာထားသည့်လမ်းမှ မြန်မြန်ဆန်ဆန်လွဲသွားကြ၍ မိမိတို့အတွက် နွားသငယ်ရုပ်တုကိုသွန်းလုပ်ခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ပြစ်မှားကြသည်ကို ငါမြင်၏။
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊