ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
တရားဟော 8:9 - မြန်မာ့စံမီသမ္မာကျမ်း အစားအစာခေါင်းပါးခြင်းမရှိဘဲ ဝလင်စွာစားရ၍ မည်သည့်အရာမျှချို့တဲ့ခြင်းမရှိသောပြည်၊ သံရိုင်းထွက်သောပြည်၊ တောင်များထဲမှ ကြေးနီကိုတူးဖော်ရရှိသည့်ပြည်သို့ သင့်ကိုပို့ဆောင်တော်မူ၏။ Common Language Bible ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။- Garrad Bible မ တောင့် မ တ၊ ခဲ ဖွယ် သောက် ဖွယ် ကို သုံး ဆောင် ရ သော ပြည်၊ သံ ကျောက် တောင်၊ ကြေး သ တ္တု တူး ဖော် ရ သော ကုန်း များ နှင့် ပြည့် စုံ သော ပြည် သို့၊ ဆောင် သွင်း တော် မူ မည့် အ လျောက်၊ Judson Bible ဘာမျှမလိုဘဲ ဝစွာစားရသောပြည်၊ သံကျောက်နှင့်ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။ |
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီများအပြင် ဝင်းတံခါးနှင့်ဂိတ်တံခါးတွင် သုံးရန်သံချွန်များနှင့် ပတ္တာများအတွက် သံကိုလည်း အမြောက်အမြားစီစဉ်ပေးထား၏။
သင်၏တံခါးကျင်တို့သည် သံနှင့်ကြေးနီဖြစ်မည်။ သင်အသက်ရှင်သမျှကာလပတ်လုံး လုံခြုံစွာနေရမည်။
သင်သည် ဝလင်စွာစားရသောအခါ သင့်အားပေးတော်မူသည့် သာယာဝပြောသောပြည်အတွက် သင်၏ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုရမည်။
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တို့နှင့်ပြည့်သောပြည်၊ သံလွင်ဆီ၊ ပျားရည်တို့နှင့်ပြည့်သောပြည်၊
“သင်တို့၏ရန်သူတို့ထံမှ တိုက်ယူသောပစ္စည်းများကို သင်တို့၏ညီအစ်ကိုတို့နှင့်အတူ ခွဲဝေယူကြလော့။ တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်အထည်မှစ၍ စည်းစိမ်ဥစ္စာအမြောက်အမြားတို့ကို ယူ၍ သင်တို့၏အိမ်သို့ပြန်သွားကြလော့”ဟု သူတို့အားဆိုလေ၏။
သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။