ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
တရားဟော 6:8 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏လက်၌ အမှတ်လက္ခဏာအဖြစ် ချည်ထားရမည်။ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိစေရမည်။ Common Language Bible ထိုပညတ်များကိုသတိရနေစေရန် သင် တို့၏လက်မောင်း၌လည်းကောင်း၊ နဖူး၌ လည်းကောင်းချည်ထားရမည်။- Garrad Bible ဆွေး နွေး လျက်၊ လက် တွင် လ က္ခ ဏာ သက် သေ အ ဖြစ် မျက် မှောင် ကြား တွင် သင်း ကျစ် အ ဖြစ်၊ ဆောင် ထား ခြင်း၊ Judson Bible ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရမည်။ |
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်ရစရာအဖြစ် ရှိရမည်။
မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
၎င်းတို့ကို သင်၏စိတ်နှလုံးတွင် အစဉ်မပြတ်ချည်ထား၍ သင်၏လည်ပင်း၌ဆွဲထားလော့။
၎င်းတို့ကို သင်၏လက်ချောင်းတို့တွင်ချည်ထား၍ သင်၏နှလုံးသားပြင်၌ ရေးထားလော့။
သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
သို့ဖြစ်၍ ငါဆင့်ဆိုသော ဤနှုတ်ကပတ်တော်တို့ကို သင်တို့၏စိတ်နှလုံးထဲ၌လည်းကောင်း၊ သင်တို့၏စိတ်ဝိညာဉ်ထဲ၌လည်းကောင်း သွင်းထားရမည်။ သင်တို့၏လက်၌ အမှတ်လက္ခဏာအဖြစ် ချည်ထားရမည်။ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိစေရမည်။
ထို့ကြောင့် ငါတို့သည် လွဲချော်မသွားကြစေရန် ကြားရသောအရာတို့ကို အထူးအာရုံစိုက်ကြရမည်။