ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။
တရားဟော 5:26 - မြန်မာ့စံမီသမ္မာကျမ်း မီးထဲမှမိန့်တော်မူသည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ မည်သည့်သတ္တဝါသည် ကြား၍ အသက်ချမ်းသာရာရဖူးသနည်း။ Common Language Bible အသက်ရှင်တော်မူသောဘုရား၏အသံတော် ကိုမီးထဲမှ အကျွန်ုပ်တို့ကဲ့သို့ကြားရပြီးမှ အသက်ရှင်သောလူသတ္တဝါရှိဖူးပါသလော။- Judson Bible အသက်ရှင်တော်မူသော ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသော အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ အဘယ်လူသတ္တဝါသည်ကြား၍ အသက်ရှင်သနည်း။ |
ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။
ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ယိုယွင်းပျက်စီးလျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်တွင် လူအပေါင်းတို့သည် အကျင့်စရိုက်ယိုယွင်းပျက်စီးလျက်ရှိ၏။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ဆာငတ်၏။ ငါသည် မည်သည့်အချိန်မှလာ၍ ဘုရားသခင်၏မျက်နှာတော်ကိုဖူးမြင်ရမည်နည်း။
လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၏တံတိုင်းတော်များကို လွမ်းဆွတ်၍ မူးမေ့မတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးနှင့် အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အသက်ရှင်သောဘုရားသခင်ထံ ရွှင်လန်းစွာသီချင်းဆိုပါ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ထာဝရဘုရားက ‘ငါသည် သင်တို့အား ကောင်းကင်မှ စကားပြောသည်ကို သင်တို့ကိုယ်တိုင် ကြုံတွေ့ရပြီ။
အသံတစ်ခုက “ဟစ်ကြော်လော့”ဟု ဆိုလျှင် တစ်ယောက်က “မည်သည့်အရာကို ဟစ်ကြော်ရမည်နည်း”ဟု မေးသော် “လူအပေါင်းတို့သည် မြက်ပင်ဖြစ်ကြ၏။ သူတို့၏ကောင်းမြတ်ခြင်းရှိသမျှသည်လည်း ကွင်းပြင်၌ရှိသောပန်းပွင့်ကဲ့သို့ဖြစ်ကြ၏။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
မီးထဲမှမိန့်တော်မူသော ဘုရားသခင်၏အသံတော်ကို သင်တို့ကြားရသကဲ့သို့ ကြား၍ အသက်ချမ်းသာရာရသောလူမျိုးရှိဖူးသလော။
သင်သာ ချဉ်းကပ်၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောအရာရှိသမျှတို့ကို နားထောင်၍ သင့်အား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်ဆိုသောအရာရှိသမျှတို့ကို အကျွန်ုပ်တို့အား ဆင့်ဆိုပါ။ အကျွန်ုပ်တို့သည် နားထောင်၍ လိုက်နာပါမည်’ဟု ဆိုကြ၏။
အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။
မာနော်က မိမိမယားအား “ငါတို့သည် ဘုရားသခင်ကို တွေ့မြင်ရပြီဖြစ်၍ အမှန်ပင်သေရတော့မည်”ဟု ဆို၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။