တောင်တစ်တောင်လုံး မီးတောက်လောင်နေစဉ် အမှောင်ထဲမှအသံတော်ကို သင်တို့ကြားရသောအခါ သင်တို့မျိုးနွယ်များထဲမှအကြီးအမှူးနှင့်သက်ကြီးဝါကြီးအပေါင်းတို့သည် ငါ့ထံသို့ချဉ်းကပ်လာ၍
``တောင်တစ်ခုလုံးမီးတောက်၍အမှောင်ထု ထဲမှဗျာဒိတ်တော်သံကိုသင်တို့ကြားရ သောအခါ သင်တို့၏ခေါင်းဆောင်များနှင့် အနွယ်အကြီးအကဲတို့သည်ငါ့ထံသို့ ချဉ်းကပ်၍၊-
တောင် မှ မီး တောက် ခိုက်၊ အ မိုက် တိုက် အ လယ် က ဗျာ ဒိတ် တော် သံ ကို သင် တို့ ကြား ကြ သော်၊ အ နွယ် များ အ အုပ် အ ချုပ် နှင့် လူ ကြီး အ ပေါင်း တို့ သည် ငါ ရှိ ရာ သို့ ချဉ်း ကပ် လျက်၊
သင်တို့သည် မှောင်မိုက်ထဲကစကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူတို့သည် ငါ့ထံသို့ချဉ်းကပ်၍၊
ဟောရပ်တောင်၌ စုဝေးသောနေ့တွင် သင်က ‘အကျွန်ုပ်မသေရပါမည့်အကြောင်း အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို ထပ်၍မကြားရပါစေနှင့်။ ဤမီးတောက်ကြီးကိုလည်း ထပ်၍မမြင်ရပါစေနှင့်’ဟု သင်၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်ခဲ့သည့်အတိုင်း
ထာဝရဘုရားသည် တောင်ပေါ်၌ မီး၊ မိုးတိမ်နှင့် အမှောင်ထုတို့ထဲမှ ကြီးမားသောအသံဖြင့် လူအစုအဝေးတစ်ရပ်လုံးအား ဤစကားတို့ကို မိန့်တော်မူ၏။ ထို့နောက် ထပ်၍ မိန့်တော်မမူဘဲ ဤစကားတို့ကို ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးသားပြီး ငါ့အား ပေးအပ်တော်မူ၏။
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။
ငါသည်လည်း လက်နှစ်ဖက်၌ ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကိုင်လျက် မီးတောက်လောင်နေသောတောင်ပေါ်မှ လှည့်၍ဆင်းလာခဲ့၏။