သို့သော် ယခုမှာ ကြည့်ရှုတော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား ကျေးဇူးဆပ်သောအားဖြင့် ကိုယ်တော်အမွေပေးတော်မူသောပြည်မှ အကျွန်ုပ်တို့ကို နှင်ထုတ်ရန် လာနေပါပြီ။
တရားဟော 4:38 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သင်တို့ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးမားသောလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်ပြီး သင်တို့ကို သူတို့၏ပြည်သို့ ပို့ဆောင်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း သူတို့၏ပြည်ကို သင်တို့အား အမွေအဖြစ် ပေးတော်မူ၏။ Common Language Bible သင်တို့ယခုပိုင်ဆိုင်သောပြည်သို့ဝင်ရောက် သိမ်းပိုက်နိုင်စေရန် သင်တို့ချီတက်ရန်လမ်း ကြောင်းတွင်ရှိသောသင်တို့ထက်အင်အား ကြီးမားသည့်လူမျိုးများကိုနှင်ထုတ်တော် မူသည်။- Judson Bible သင်တို့ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင်ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကိုသွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌နုတ်ဆောင်တော်မူပြီ။ |
သို့သော် ယခုမှာ ကြည့်ရှုတော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား ကျေးဇူးဆပ်သောအားဖြင့် ကိုယ်တော်အမွေပေးတော်မူသောပြည်မှ အကျွန်ုပ်တို့ကို နှင်ထုတ်ရန် လာနေပါပြီ။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ဤပြည်၌နေထိုင်သောလူမျိုးတို့ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ရှေ့မှနှင်ထုတ်တော်မူ၍ ကိုယ်တော်၏မိတ်ဆွေဖြစ်တော်မူသောအာဗြဟံ၏သားစဉ်မြေးဆက်ကို ထာဝရနေထိုင်စေတော်မူသည်မဟုတ်လော။
အစ္စရေးလူထုတို့၏ရှေ့မှောက်၌ ထာဝရဘုရားတိုက်ခိုက်သိမ်းပိုက်တော်မူခဲ့သောနယ်မြေတို့သည် တိရစ္ဆာန်အတွက် သင့်တော်သောမြေဖြစ်၏။ သခင်၏အစေအပါးတို့၌လည်း တိရစ္ဆာန်ရှိပါ၏။
ရုဗင်သားမြေးတို့၏အမျိုးအနွယ်သည် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ ဂဒ်သားမြေးတို့၏အမျိုးအနွယ်သည်လည်း ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် သူတို့၏အမွေကို ရပြီးဖြစ်၏။ မနာရှေအမျိုးအနွယ်တစ်ဝက်သည်လည်း သူတို့၏အမွေကို ရပြီးဖြစ်၏။
ဤအမျိုးအနွယ်နှစ်နွယ်နှင့် တစ်ဝက်သည် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ အရှေ့ဘက်နေထွက်ရာအရပ်တွင် အမွေရပြီးဖြစ်၏”ဟု မိန့်မှာလေ၏။
သို့ပြုလျှင် ထာဝရဘုရားသည် ဤလူမျိုးရှိသမျှတို့ကို သင်တို့၏ရှေ့မှ နှင်ထုတ်တော်မူလိမ့်မည်။ သင်တို့သည် သင်တို့ထက် များပြား၍ အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ယခုမှစ၍ ရှိဟုန်မင်းကြီးနှင့်သူ၏ပြည်ကို သင်တို့အားငါပေးပြီ။ ထိုပြည်ကိုပိုင်ဆိုင်ဖို့ စတင်သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။