ငလျင်လှုပ်ပြီးနောက် မီးလောင်၏။ သို့သော် ထာဝရဘုရားသည် မီးထဲတွင် ရှိတော်မမူ။ မီးလောင်ပြီးနောက် ဖြည်းညင်းသာယာသောအသံ ထွက်လာ၏။
တရားဟော 4:15 - မြန်မာ့စံမီသမ္မာကျမ်း ဟောရပ်တောင်၌ သင်တို့အား ထာဝရဘုရား မီးထဲမှ မိန့်တော်မူသောနေ့တွင် သင်တို့သည် ကိုယ်တော်ကို မည်သည့်ပုံသဏ္ဌာန်နှင့်မျှမမြင်ရ။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူးသတိပြုကြလော့။ Common Language Bible ``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။- Garrad Bible ဟော ရပ် တောင် တွင် မီး အ လယ် မှ ထာ ဝ ရ ဘု ရား မိန့် တော် မူ သော ထို နေ့ ရက် ကာ လ၊ ပုံ သဏ္ဌာန် မည် သည် ကို မျှ မ မြင် ရ သည် နှင့် အ ညီ၊ ကျား မ၊ ပုံ သဏ္ဌာန်၊ မြေ ပေါ် ရှိ တိ ရ စ္ဆာန် ပုံ သဏ္ဌာန်၊ လေ၌ ကျင် လည် သော အ တောင် ရှိ တိ ရ စ္ဆာန် ပုံ သဏ္ဌာန်၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် ပုံ သဏ္ဌာန်၊ မြေ ကြီး အောက် ရေ ထု၌ ရှိ သော ငါး ပုံ သဏ္ဌာန် များ အ တူ ရုပ် ပွား ဆင်း တု ကို လုပ် မိ ၍ မ မှား ယွင်း စေ ခြင်း ငှါ လည်း ကောင်း၊ ကောင်း ကင် အောက် တစ် လျှောက် ရှိ လူ မျိုး တ ကာ တို့ အား သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဝေ ဖန် တော် မူ ပြီး သော နေ၊ လ၊ ကြယ် များ ဟု က မ္ဘာ့ တန် ဆာ ကို မော် ကြည့် လျက် မြင် ရ သ ဖြင့် သွေး ဆောင် ရာ ခံ၍၊ ရှိ မ ခိုး၊ ဝတ် မ ပြု စေ ခြင်း ငှါ လည်း ကောင်း၊ သ တိ မူ ကြ လော့။ Judson Bible ဟောရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲကသင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့်အဆင်းသဏ္ဌာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊ |
ငလျင်လှုပ်ပြီးနောက် မီးလောင်၏။ သို့သော် ထာဝရဘုရားသည် မီးထဲတွင် ရှိတော်မမူ။ မီးလောင်ပြီးနောက် ဖြည်းညင်းသာယာသောအသံ ထွက်လာ၏။
လူငယ်သည် မိမိ၏ဘဝလမ်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်းဟူမူကား ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း စောင့်ထိန်းရမည်ဖြစ်၏။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် သုံးလမြောက်သောနေ့၌ သိနာတောကန္တာရသို့ရောက်လာကြ၏။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
သင်၏စိတ်နှလုံးကို သတိဝီရိယရှိသမျှနှင့် ထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
လက်ယာဘက်၊ လက်ဝဲဘက်သို့ မလှည့်နှင့်။ သင်၏ခြေကို မကောင်းမှုမှ ဖယ်ခွာစေလော့။
ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။
ထာဝရဘုရားက သင်တို့ကိုယ်သင်တို့ သတိပြုကြလော့။ ဥပုသ်နေ့၌ ဝန်ထုပ်များ မသယ်ဆောင်ရ။ ဂျေရုဆလင်မြို့တံခါးကို ဖြတ်၍ မယူဆောင်လာရ။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
သင်တို့စုဝေးခဲ့သောနေ့၌ သင်တို့အား တောင်ပေါ်တွင် မီးထဲမှ ထာဝရဘုရားမိန့်တော်မူခဲ့သည့် ပညတ်တော်ဆယ်ပါးကို ယခင်ကျောက်ပြား၌အက္ခရာတင်ထားခဲ့သည့်အတိုင်း ထာဝရဘုရားသည် ထိုကျောက်ပြားတို့ပေါ်၌ အက္ခရာတင်တော်မူပြီးလျှင် ငါ့အားပေးတော်မူ၏။
ထာဝရဘုရားသည်လည်း သင်တို့အား မီးထဲမှ မိန့်မြွက်တော်မူ၏။ သင်တို့သည် စကားသံကိုကြားရသော်လည်း ပုံသဏ္ဌာန်တော်ကိုမမြင်ရ။ အသံတော်ကိုသာကြားရ၏။
သင်တို့ကူးသွား၍သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင်တို့အားသင်ကြားပေးရန် ငါ့အား ထာဝရဘုရားမိန့်မှာတော်မူ၏။
သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။
ကိုယ်တော်သည် မိုးကောင်းကင်မှ ပဲ့ပြင်သောစကားသံကို သင်တို့အား ကြားစေတော်မူ၏။ မြေကြီးပေါ်၌လည်း သင်တို့အား မီးတောက်မီးလျှံကြီးကို ပြတော်မူ၍ ထိုမီးထဲမှ ကိုယ်တော်၏စကားတော်ကို သင်တို့ကြားရကြ၏။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ထာဝရဘုရားသည် တောင်ပေါ်၌ သင်တို့နှင့် မီးထဲမှမျက်နှာချင်းဆိုင် မိန့်တော်မူ၏။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
ဘုရားသခင်၏လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောကျောက်ပြားနှစ်ချပ်ကို ထာဝရဘုရားသည် ငါ့အား ပေးအပ်တော်မူ၏။ စုဝေးရာနေ့၌ သင်တို့အား တောင်ပေါ်တွင် မီးထဲမှ ထာဝရဘုရားမိန့်တော်မူခဲ့သည့်စကားအလုံးစုံတို့ကို ထိုကျောက်ပြားပေါ်၌ အက္ခရာတင်ထား၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ကြရမည့်အကြောင်း ကိုယ့်ကိုယ်ကိုယ်အထူးသတိပြုကြလော့။