အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ ပြဋ္ဌာန်းရမည့်စီရင်ထုံးဖွဲ့ချက်များကား ဤသို့တည်း။
တရားဟော 4:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကူးသွား၍သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင်တို့အားသင်ကြားပေးရန် ငါ့အား ထာဝရဘုရားမိန့်မှာတော်မူ၏။ Common Language Bible သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင်သင် တို့စောင့်ထိန်းရမည့်ပညတ်များကို သင်တို့ အားသွန်သင်ရန်ငါ့ကိုမိန့်မှာတော်မူ၏။'' Garrad Bible ထို ကာ လ၌ ပင်၊ သင် တို့ ပိုင် ရန် ကူး ဝင် သော ပြည် တွင် လိုက် နာ ကြ စေ ခြင်း ငှါ၊ ထို ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို သွန် သင် ရ မည့် အ ကြောင်း၊ ငါ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ၏။ Judson Bible သင်တို့သည်သွား၍ ဝင်စားသောပြည်၌ကျင့်စရာဖို့ သင်တို့အားငါသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အားမှာထားတော်မူ၏။ |
အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ ပြဋ္ဌာန်းရမည့်စီရင်ထုံးဖွဲ့ချက်များကား ဤသို့တည်း။
ယနေ့ သင်တို့အား ငါဆင့်ဆိုသောပညတ်တော်ကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ သင်တို့ကူးသွား၍သိမ်းပိုက်ရမည့်ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်မည်။
ကိုယ်တော်သည် သင်တို့လိုက်နာရန် ညွှန်ကြားထားသည့် မိမိ၏ပဋိညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို သင်တို့အားပြောကြားတော်မူပြီးလျှင် ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးထားတော်မူ၏။
ဟောရပ်တောင်၌ သင်တို့အား ထာဝရဘုရား မီးထဲမှ မိန့်တော်မူသောနေ့တွင် သင်တို့သည် ကိုယ်တော်ကို မည်သည့်ပုံသဏ္ဌာန်နှင့်မျှမမြင်ရ။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူးသတိပြုကြလော့။
သင်တို့အား ငါမှာကြားသောစကားတို့ကို မဖြည့်စွက်ရ။ မနုတ်ပယ်ရ။ သင်တို့အား ငါဆင့်ဆိုသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို စောင့်ထိန်းရမည်။