ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
တရားဟော 4:11 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့လည်း ချဉ်းကပ်လာ၍ တောင်ခြေရင်း၌ ရပ်နေကြ၏။ ထိုအခါ တောင်ပေါ်၌ မိုးကောင်းကင်အလယ်တိုင်အောင် မီးတောက်လောင်ပြီး မှောင်မည်းသောမိုးတိမ်နှင့်အမှောင်ထုဖုံးလေ၏။ Common Language Bible ``သင်တို့သည်မည်းမှောင်၍ထူထပ်သောတိမ် ဖုံးလျက် မိုးကောင်းကင်သို့တိုင်အောင် မီးလျှံ တက်နေသည့်တောင်ခြေရင်းသို့ချဉ်းကပ်၍ ရပ်နေကြကြောင်းကိုလည်းကောင်း၊- Garrad Bible သင် တို့ သည် တောင် ခြေ ရင်း သို့ ချဉ်း ကပ် လျက် ခ စား ကြ စဉ်၊ မိုး သား အ မိုက် တိုက် မှောင် အ တိ ၌၊ ကောင်း ကင် ဘ ဝဂ် အ ထိ၊ ထို တောင် မှ မီး တောက် သော်၊ Judson Bible သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သောမှောင်မိုက်နှင့် ပြည့်စုံလေ၏။ |
ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။
ငလျင်လှုပ်ပြီးနောက် မီးလောင်၏။ သို့သော် ထာဝရဘုရားသည် မီးထဲတွင် ရှိတော်မမူ။ မီးလောင်ပြီးနောက် ဖြည်းညင်းသာယာသောအသံ ထွက်လာ၏။
ကိုယ်တော်သည် အမှောင်ကို မိမိ၏လျှို့ဝှက်သောနေရာဖြစ်စေတော်မူ၏။ မိုးရေဖွဲ့ထားသောတိမ်တိုက်ထုကြီး၏အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိသော အခြံအရံဖြစ်၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
ထာဝရဘုရားသည်လည်း သင်တို့အား မီးထဲမှ မိန့်မြွက်တော်မူ၏။ သင်တို့သည် စကားသံကိုကြားရသော်လည်း ပုံသဏ္ဌာန်တော်ကိုမမြင်ရ။ အသံတော်ကိုသာကြားရ၏။
တောင်တစ်တောင်လုံး မီးတောက်လောင်နေစဉ် အမှောင်ထဲမှအသံတော်ကို သင်တို့ကြားရသောအခါ သင်တို့မျိုးနွယ်များထဲမှအကြီးအမှူးနှင့်သက်ကြီးဝါကြီးအပေါင်းတို့သည် ငါ့ထံသို့ချဉ်းကပ်လာ၍