သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
တရားဟော 34:8 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မောဘလွင်ပြင်၌ မောရှေအတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။ ဤသို့ဖြင့် မောရှေအတွက် ငိုကြွေးမြည်တမ်းသောနေ့ရက်များပြီးဆုံးလေ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်မောဘလွင် ပြင်တွင် ရက်ပေါင်းသုံးဆယ်ပတ်လုံးမောရှေ ကွယ်လွန်သည့်အတွက်ငိုကြွေးမြည်တမ်း ကြ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ လည်း ရက် ပေါင်း သုံး ဆယ် တိုင် တိုင် မော ဘ လွင် ပြင် တွင် မော ရှေ အ တွက် ငို ကြွေး ကြ လျက်၊ မြည် တမ်း မှု ဆိုင် ရာ ငို ကျွေး ရ သော နေ့ ရက် များ ကုန် လွန် သ တည်း။ Judson Bible ဣသရေလအမျိုးသားတို့သည် မောရှေကိုအောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။ |
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
အလောင်းကိုဆေးစီရင်ရာတွင် ရက်ပေါင်းလေးဆယ်ကြာကြာ အချိန်ပေးရ၏။ အီဂျစ်လူမျိုးတို့သည် ယာကုပ်အတွက် ရက်ပေါင်းခုနစ်ဆယ်ငိုကြွေးကြ၏။
ဥရိယ၏မယားသည် သူ၏ခင်ပွန်းဥရိယကျဆုံးကြောင်း ကြားသိသောအခါ ခင်ပွန်းအတွက် ငိုကြွေးမြည်တမ်းလေ၏။
ဖြောင့်မတ်သောသူဆုံးပါးသွားသည်ကို မည်သူမျှနှလုံးမသွင်းကြ။ ကျေးဇူးပြုတတ်သောသူတို့ ရုပ်သိမ်းခြင်းခံရသည်ကို မည်သူမျှနားမလည်ကြ။ အကယ်စင်စစ် ဖြောင့်မတ်သောသူသည် မကောင်းမှုထဲမှရုပ်သိမ်းခံရခြင်းဖြစ်၏။
လူထုအပေါင်းတို့သည် အာရုန်သေကြောင်းကို သိမြင်သော် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် အာရုန်အတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။
ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။
မောရှေသေဆုံးသောအခါ အသက်တစ်ရာ့နှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်၊ သူ၏ခွန်အားလည်း မလျော့သေး။
မောရှေသည် နုန်၏သား ယောရှုအပေါ် လက်တင်ခဲ့သောကြောင့် ယောရှုသည် ဉာဏ်ပညာနှင့်ပြည့်ဝ၏။ အစ္စရေးအမျိုးသားတို့သည် သူ၏စကားကိုနားထောင်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်းပြုကြ၏။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။