Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 50:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အလောင်း​ကို​ဆေးစီရင်​ရာ​တွင် ရက်​ပေါင်း​လေးဆယ်​ကြာကြာ အချိန်ပေး​ရ​၏​။ အီဂျစ်​လူမျိုး​တို့​သည် ယာကုပ်​အတွက် ရက်​ပေါင်း​ခုနစ်ဆယ်​ငိုကြွေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သူ တို့ ထုံး တမ်း ရှိ သည် နှင့် အ ညီ ပြင် ဆင် ကြ လျက် အ ရက် လေး ဆယ် ကြာ ထား ၏။ အိ ဂျစ် လူ တို့ လည်း ယာ ကုပ် ကြောင့် ရက် ပေါင်း ခု နစ် ဆယ် တိုင် တိုင် ငို ကြွေး မြည် တမ်း ခြင်း ကို ပြု ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​သော​အ​လောင်း​ကို၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း​ထား၍၊ အ​ရက်​လေး​ဆယ်​လွန်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့​သည်​ယာ​ကုပ်​ကြောင့်၊ အ​ရက်​ခု​နစ်​ဆယ် ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 50:3
5 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာတဒ်​ကောက်နယ်တလင်း​သို့​ရောက်​သောအခါ ထို​အရပ်​၌ သူ​တို့​သည် ခါးသီးစွာ​အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​၏​။ ယောသပ်​သည် မိမိ​ဖခင်​အတွက် ခုနစ်​ရက်​ပတ်လုံး​ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လေ​၏​။


ငိုကြွေးမြည်တမ်း​သော​နေ့ရက်​များ​လွန်​ပြီးနောက် ယောသပ်​က ဖာရော​မင်းကြီး​၏​နန်းတော်သူ​နန်းတော်သား​တို့​အား “​ငါ​သည် သင်​တို့​ရှေ့​၌​မျက်နှာရ​သည်​ဆိုလျှင် ဖာရော​မင်းကြီး​၏​နား​တော်​သို့​လျှောက်​ရ​မည်​မှာ


လူထု​အပေါင်း​တို့​သည် အာရုန်​သေ​ကြောင်း​ကို သိမြင်​သော် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် အာရုန်​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။


ကိုယ်​ပေါ်​မှ သုံ့ပန်း​အဝတ်အစား​ကို ချွတ်ပယ်​ရ​မည်​။ သင့်​အိမ်​၌​နေ​၍ သူ​၏​မိဘ​ကို တစ်လ​ငိုကြွေးတမ်းတ​ရ​မည်​။ ထို့နောက်မှ သင်​သည် သူ့​ထံသို့​ဝင်​၍ သူ​၏​ယောက်ျား​ဖြစ်​မည်​။ သူ​သည်​လည်း သင်​၏​မယား​ဖြစ်​မည်​။


အစ္စရေး​အမျိုးသား​တို့​သည် မောဘ​လွင်ပြင်​၌ မောရှေ​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။ ဤသို့ဖြင့် မောရှေ​အတွက် ငိုကြွေး​မြည်တမ်း​သော​နေ့ရက်​များ​ပြီးဆုံး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ