ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏မျက်မှောက်တွင် မျက်နှာရစေတော်မူ၏။ မောရှေသည်လည်း အီဂျစ်ပြည်တွင် ဖာရောမင်းကြီး၏အမှုထမ်းတို့နှင့် အီဂျစ်လူမျိုးတို့မျက်မှောက်၌ ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်လေ၏။
တရားဟော 34:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်မှစ၍ အစ္စရေးလူမျိုးတွင် မောရှေကဲ့သို့ ထာဝရဘုရားအား တရင်းတနှီးသိကျွမ်းသော ပရောဖက်တစ်ပါးမျှ မပေါ်ထွန်းတော့ပေ။ Common Language Bible ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။- Garrad Bible ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ အိ ဂျစ် ပြည် တွင် ဖာ ရော မင်း မှ စ၍ ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား အ ပေါင်း တို့ အား ပြ သော သက် သေ နိ မိတ် လ က္ခ ဏာ များ ဣ သ ရေ လ တစ် မျိုး လုံး မျက် မှောက် တွင် ပြ သော လက် ရုံး တော် အား ကြီး၍ ကြောက် မက် ဖွယ် တန် ခိုး များ ကို ထောက် လျှင် ထာ ဝ ရ ဘု ရား တွေ့ ဆိုင် သိ ကျွမ်း တော် မူ ရာ မော ရှေ ကဲ့ သို့ ထို ကာ လ က စ၍ ဣသ ရေ လ လူ မျိုး တွင် ပ ရော ဖက် တစ် ပါး မျှ မ ပေါ် မ ထွန်း ချေ။ Judson Bible ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်းတို့၌ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အလုံးစုံတို့ကိုပြု၍၊ ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန်ကြောက်မက်ဖွယ်သော အမှုအရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တစ်ဖန် ဣသရေလအမျိုး၌ သူနှင့်တူသော ပရောဖက်တစ်စုံတစ်ပါးမျှ မပေါ်မထွန်း။ ရှင်မောရှေစီရင်ရေးထားသော တရားဟောရာကျမ်းပြီး၏။ |
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏မျက်မှောက်တွင် မျက်နှာရစေတော်မူ၏။ မောရှေသည်လည်း အီဂျစ်ပြည်တွင် ဖာရောမင်းကြီး၏အမှုထမ်းတို့နှင့် အီဂျစ်လူမျိုးတို့မျက်မှောက်၌ ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်လေ၏။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ဖားများသည် အိမ်များ၊ ခြံဝင်းများ၊ လယ်များထဲ၌ သေကြကုန်၏။
ထိုမောရှေသည် အစ္စရေးအမျိုးသားတို့အား ‘ဘုရားသခင်သည် သင်တို့၏ညီအစ်ကိုများထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အတွက်ပေါ်ထွန်းစေတော်မူလိမ့်မည်’ဟု ပြောဆိုခဲ့သူဖြစ်၏။
ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် သူ၏ပြည်သားအပေါင်းတို့ရှေ့တွင် နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်အမှု ရှိသမျှတို့ကိုပြုရန် ထာဝရဘုရားသည် မောရှေအား အီဂျစ်ပြည်သို့ စေလွှတ်တော်မူခဲ့၏။