Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟော 34:10 - Common Language Bible

10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မော​ရှေ​ကဲ့ သို့​သော​ပ​ရော​ဖက်​မ​ပေါ်​ထွန်း​တော့​ချေ။ သူ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တိုင်​ကိုယ် ကြပ်​သိ​ကျွမ်း​သူ​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10-12 ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ အိ ဂျစ် ပြည် တွင် ဖာ ရော မင်း မှ စ၍ ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား အ ပေါင်း တို့ အား ပြ သော သက် သေ နိ မိတ် လ က္ခ ဏာ များ ဣ သ ရေ လ တစ် မျိုး လုံး မျက် မှောက် တွင် ပြ သော လက် ရုံး တော် အား ကြီး၍ ကြောက် မက် ဖွယ် တန် ခိုး များ ကို ထောက် လျှင် ထာ ဝ ရ ဘု ရား တွေ့ ဆိုင် သိ ကျွမ်း တော် မူ ရာ မော ရှေ ကဲ့ သို့ ထို ကာ လ က စ၍ ဣသ ရေ လ လူ မျိုး တွင် ပ ရော ဖက် တစ် ပါး မျှ မ ပေါ် မ ထွန်း ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10-12 ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို​အချိန်​မှစ၍ အစ္စရေး​လူမျိုး​တွင် မောရှေ​ကဲ့သို့ ထာဝရဘုရား​အား တရင်းတနှီး​သိကျွမ်း​သော ပရောဖက်​တစ်ပါး​မျှ မ​ပေါ်ထွန်း​တော့​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 34:10
10 ပူးပေါင်းရင်းမြစ်များ  

မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။


`သင်​တို့​သား​ချင်း​များ​အ​ထဲ​တွင် ငါ​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​ဘု​ရား​သ​ခင် သည် သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ လိမ့်​မည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​ခဲ့​သူ​မှာ​မော​ရှေ​ပင်​ဖြစ်​၏။-


အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ရို​သေ​လေး​စား​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​ပြု​ပြင်​တော်​မူ​၏။ စင်​စစ်​အား​ဖြင့် ဘု​ရင်​၏​မှူး​မတ်​ပြည်​သူ​တို့​က​မော​ရှေ အား​အ​လွန်​ကြီး​မြတ်​သော​ပ္ဂိုလ်​ဖြစ်​သည် ဟု​ခံ​ယူ​ထား​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ်​ချက်​အ​ရ​မော​ရှေ သည် အီ​ဂျစ်​ပြည်​ဘု​ရင်၊ မှူး​မတ်​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​ရှေ့​တွင် အ​ခြား​မည်​သည့်​ပ​ရော​ဖက် မျှ​မ​ပြ​ဘူး​သော​အံ့​သြ​ဖွယ်​ရာ​များ​နှင့် နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​ခဲ့​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​မော​ရှေ​ဆု​တောင်း သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်​အိမ်​များ၊ ခြံ များ၊ လယ်​ကွင်း​များ​ထဲ​ရှိ​ဖား​များ​သေ​ကြ ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ