ဒန်အမျိုးတွင် တိုက်ပွဲဝင်ရန်အသင့်ဖြစ်သူ စစ်သည်အယောက်နှစ်သောင်းရှစ်ထောင့်ခြောက်ရာ၊
တရားဟော 33:22 - မြန်မာ့စံမီသမ္မာကျမ်း ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ဗာရှန်ပြည်မှခုန်ထွက်လာသည့် ခြင်္သေ့သားပေါက်ဖြစ်၏။ Common Language Bible ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။'' Garrad Bible ဒန့် အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ ဒန် သည် ဗာ ရှန် ပြည် က ခုန် လွှား သော ခြင်္သေ့ ပျို သ ဖွယ် ဖြစ် သည် ဟူ၍ တည်း။ Judson Bible ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။ |
ဒန်အမျိုးတွင် တိုက်ပွဲဝင်ရန်အသင့်ဖြစ်သူ စစ်သည်အယောက်နှစ်သောင်းရှစ်ထောင့်ခြောက်ရာ၊
‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။
သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။
ဒန်အမျိုးသားတို့သည် မိမိတို့၏နယ်နိမိတ်ကိုကျော်လွန်၍ လဲရှမြို့ကို ချီတက်တိုက်ခိုက်ကြ၏။ ထိုမြို့ကိုသိမ်းပိုက်ပြီးလျှင် မြို့သူမြို့သားတို့ကို ဓားဖြင့်လုပ်ကြံပြီး ထိုမြို့၌ အခြေချနေထိုင်ကြ၏။ ထို့နောက် သူတို့ဘိုးဘေး၏အမည်ဖြစ်သော ဒန်ကို အစွဲပြု၍ ထိုမြို့ကို ဒန်မြို့ဟု ခေါ်ဆိုကြ၏။
ထိုစဉ်က ဒန်မျိုးနွယ်စုမှ မာနော်အမည်ရှိသော ဇောရာမြို့သားတစ်ဦးရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားသမီး မရှိ။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။
ထိုအခါ သူသည် မြည်းမေးရိုးလတ်လတ်တစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူကာ လူအယောက်တစ်ထောင်ကို သတ်ပြီးလျှင်
သူတို့ကို အကြီးအကျယ်တိုက်ခိုက်သတ်ဖြတ်ပစ်၏။ ထို့နောက် ဧတံကျောက်ဂူထဲ၌ ဝင်နေလေ၏။
“အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။
ဤသို့ဖြင့် ဒန်အမျိုးသားတို့သည် မိက္ခာထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်၍ စိုးရိမ်ပူပန်မှုမရှိ၊ စိတ်အေးလက်အေးနေတတ်သောလူတို့ရှိရာ လဲရှမြို့သို့ ရောက်လာကြရာ မြို့သားတို့ကို ဓားဖြင့်သတ်၍ မြို့ကို မီးရှို့ပစ်၏။