ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။
တရားဟော 33:1 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏လူမောရှေ မကွယ်လွန်မီ အစ္စရေးအမျိုးသားတို့အား ပေးခဲ့သော ကောင်းချီးမင်္ဂလာကား ဤသို့ဖြစ်၏။ Common Language Bible ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။ Garrad Bible ဘု ရား သ ခင့် လူ ယုံ တော် မော ရှေ မ ကွယ် လွန် မီ ဣ သ ရေ လ အ မျိုး သား တို့ အား ပေး ခဲ့ သော ကောင်း ကြီး မင်္ဂ လာ အ ချက် ဟူ မူ ကား၊ Judson Bible ဘုရားသခင်၏လူမောရှေသည် မသေမီ ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးသော မင်္ဂလာစကားဟူမူကား၊ |
ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။
ထို့နောက် ယာကုပ်သည် မိမိ၏သားတို့ကိုခေါ်၍ “စုဝေးကြလော့။ နောင်ကာလတွင် သင်တို့၌ဖြစ်ပျက်မည့်အရာကို သင်တို့အား ငါပြောပြမည်။
ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် မျိုးဆက်အစဉ်အဆက် အကျွန်ုပ်တို့၏မှီခိုရာဖြစ်တော်မူ၏။
ဘုရားသခင်၏လူ ဣဂဒါလိ၏သားဖြစ်သော ဟာနန်၏သားတို့ အခန်းသို့ သွား၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အတွင်းရှိ ရှလ္လုံ၏သား တံခါးစောင့်မာသေယနေသောအခန်း၏အပေါ်ထပ်၌ရှိသော အကြီးအကဲများ၏အခန်းနှင့်ကပ်လျက်ရှိ၏။
ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။
တစ်နေ့တွင် ဘုရားသခင်၏လူတစ်ဦးသည် ဧလိထံသို့လာပြီး “ထာဝရဘုရားက ‘သင့်ဘိုးဘေး၏အမျိုးအနွယ်တို့သည် အီဂျစ်ပြည်၊ ဖာရောမင်းကြီးလက်အောက်တွင် နေရစဉ်က သူတို့အား ငါအမှန်တကယ် ကိုယ်တိုင်ထင်ရှားပြခဲ့သည်မဟုတ်လော။