ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
တရားဟော 32:44 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် နုန်၏သား ယောရှုနှင့်အတူ လာ၍ ဤသီချင်းစာသားရှိသမျှတို့ကို လူတို့ကြားအောင် ရွတ်ဆိုပြ၏။ Common Language Bible မောရှေနှင့်နုန်၏သားယောရှုတို့သည်ဣသ ရေလအမျိုးသားတို့ကြားနိုင်လောက်အောင် ဤသီချင်းကိုရွတ်ဆိုကြလေသည်။ Garrad Bible မော ရှေ နှင့် နုန့် သား ယော ရှု တို့သည် လူ မျိုး တော် ရှေ့ သွား ရောက် မြွက် ဆို ကြ သ တည်း။ Judson Bible ဤသီချင်းစကားကို မောရှေသည်လာ၍ နုန်သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။ |
ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
မောရှေသည် ထိုနေ့၌ ဤသီချင်းကိုရေးထား၍ အစ္စရေးအမျိုးသားတို့အား သင်ကြားပေးလေ၏။
ထို့နောက် မောရှေသည် အစ္စရေးလူအစုအဝေးအပေါင်းတို့ကြားသိအောင် သီချင်းစာသားကို အစအဆုံးမြွက်ဆိုလေ၏။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့အား ဤသီချင်းစာသားရှိသမျှတို့ကို မြွက်ဆိုပြပြီးနောက်