နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
တရားဟော 32:2 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။ Common Language Bible ငါ့သွန်သင်ချက်သည်မိုးပေါက်ကဲ့သို့ကျ၍ မြေပေါ်တွင်နှင်းပေါက်ကဲ့သို့တင်ရှိလိမ့်မည်။ ငါ့စကားသည်အပင်ငယ်များပေါ်သို့ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်နုပေါ်တွင်ကျသောမိုးဖွဲကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ Garrad Bible ငါ့ သွန် သင် ချက် သည် မိုး သ ဖွယ် ရွာ လျက် မြွက် ဆို ချက် လည်း၊ နှင်း သ ဖွယ် ကျ လျက်၊ မြက် နု ပေါ် တွင် နှင်း ပေါက် ကဲ့ သို့လည်း ကောင်း၊ ကောက် ပင် ပေါ် တွင် မိုး စက် ကဲ့ သို့လည်း ကောင်း၊ တည် ပါ စေ သော။ Judson Bible ငါ့ဒေသနာသည် မိုးရေကဲ့သို့စက်စက်ကျ၍၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညင်းစွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်မှာ များပြားသောမိုးရေကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ |
နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ထိုမြေပေါ်မှထွန်ကြောင်းတို့ကို စိုစွတ်စေ၍ ထယ်စာတို့ကို ညီညာစေတော်မူ၏။ ရွာသွန်းသောမိုးအားဖြင့် ထိုမြေကိုပျော့ပျောင်းစေ၍ ၎င်း၌ပေါက်သောအပင်ကို ကောင်းချီးပေးတော်မူ၏။
ထိုမင်းသည် ရိတ်ထားသောမြက်ခင်းပေါ်တွင် ရွာသွန်းသည့် မိုးကဲ့သို့လည်းကောင်း၊ မြေကြီးကိုစိုစွတ်စေသည့် မိုးစက်မိုးပေါက်ကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။
အကြောင်းမူကား ငါသည် သင်တို့အား ကောင်းမြတ်သောပညာကို ပေး၏။ ငါ၏သွန်သင်ချက်ကို မစွန့်ပယ်ကြနှင့်။
ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
“အို ဧဖရိမ်၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ အို ယုဒ၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ သင်တို့၏မေတ္တာသည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းကဲ့သို့ ဖြစ်ပါသည်တကား။
ထို့ကြောင့် ယခု ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ သင်က ‘အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ပရောဖက်မပြုနှင့်၊ ဣဇက်အမျိုးအနွယ်ကို ဆန့်ကျင်၍ မဟောပြောနှင့်’ဟု ဆို၏။
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
မိုးနှောင်းကာလတွင် မိုးရွာစေရန် ထာဝရဘုရားထံတောင်းလျှောက်ကြလော့။ ထာဝရဘုရားသည် မိုးတိမ်တိုက်ကို ဖြစ်ပေါ်စေ၏။ မိုးရွာစေခြင်းဖြင့် လူအပေါင်းတို့၏လယ်ပြင်မှ အပင်များအတွက် မိုးရေကို ရရှိစေတော်မူ၏။
အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။