ငါသည် မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက်စွာမမြွက်ဆို။ ယာကုပ်၏သားစဉ်မြေးဆက်အား “ငါ့ကို အချည်းနှီးရှာကြလော့”ဟု ငါမပြော။ ငါသည် ဖြောင့်မတ်သောစကားကို မြွက်ဆို၍ ဟုတ်မှန်သောအရာတို့ကို ဖော်ပြသော ထာဝရဘုရားဖြစ်၏။
တရားဟော 30:11 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့ သင့်အား ငါမိန့်မှာသောပညတ်တော်သည် သင့်အတွက် ခက်ခဲလွန်းသောအရာ၊ အလှမ်းဝေးသောအရာ မဟုတ်။ Common Language Bible ``သင်တို့အားငါယနေ့ပေးသောပညတ် တရားတော်သည် သင်တို့အတွက်နားမလည် နိုင်အောင်ခဲယဉ်းသည်မဟုတ်။ သင်တို့လက် လှမ်းမမီနိုင်အောင်ဝေးသည်မဟုတ်။- Garrad Bible ယ နေ့ ငါ ဆင့် ဆို သော ဤ ပ ညတ် သည် သင် တို့ မ မှီ နိုင် အောင် ခဲ ယဉ်း၍ ဝေး ကွာ သည် မ ဟုတ်။ Judson Bible ယနေ့ငါမှာထားသော ပညတ်တရားတော်သည် သင်နားမလည်နိုင်သော တရားမဟုတ်။ |
ငါသည် မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက်စွာမမြွက်ဆို။ ယာကုပ်၏သားစဉ်မြေးဆက်အား “ငါ့ကို အချည်းနှီးရှာကြလော့”ဟု ငါမပြော။ ငါသည် ဖြောင့်မတ်သောစကားကို မြွက်ဆို၍ ဟုတ်မှန်သောအရာတို့ကို ဖော်ပြသော ထာဝရဘုရားဖြစ်၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ဤပညတ်တရားကျမ်း၌ ရေးသားထားသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းရမည်။ သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာရမည်။
‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည်ကောင်းကင်သို့တက်ပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ကောင်းကင်၌ ရှိသည်မဟုတ်။