အာမောရိဘုရင်ရှိဟုန်မင်းကြီး၊ ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏နယ်မြေဖြစ်သော ဂိလဒ်ပြည်၏နယ်စားမင်း ဥရိ၏သားဂေဗာတို့ဖြစ်ကြ၏။ ဂေဗာသည် ထိုပြည်၏တစ်ဦးတည်းသောနယ်စားမင်း ဖြစ်၏။
တရားဟော 3:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ငါတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးလက်မှမြေကို အာနုန်ချောင်းမှ ဟေရမုန်တောင်တိုင်အောင် သိမ်းယူခဲ့၏။ Common Language Bible ``သို့ဖြစ်၍ထိုအချိန်တွင်ငါတို့သည် အာနုန် မြစ်မှဟေရမုန်တောင်အထိကျယ်ပြန့်သော ယောဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကို ထို အာမောရိဘုရင်နှစ်ပါးတို့ထံမှသိမ်း ယူကြ၏။- Garrad Bible ထို ကာ လ၊ ဇိ ဒုန် မြို့ သား တို့ က စိ ရုန် ဟူ၍လည်း ကောင်း၊ အာ မော ရိ လူ မျိုး တို့ က စ နိ ရ ဟူ၍လည်း ကောင်း၊ ခေါ် ဝေါ် ကြ သော ဟေ ရ မုန် တောင် မှ၊ အာ နုန် ချောင်း အ ထိ၊ ပျံ့ ရှိ မြို့ ရွာ များ နှင့် တ ကွ၊ ဂိ လဒ် နယ် တစ် ဝှမ်း လုံး၊ ဗာ ရှန် ပြည် တ ဝှမ်း လုံး ပါ သြ ဃ မင်း၏ နိုင် ငံ အ ဝင် သာ လ က မြို့၊ ဧ ဒြိ မြို့ များ တိုင် အောင်၊ ယော် ဒန် မြစ် တစ် ဘက် ရှိ၊ အာ မော ရိ ပြည့် ရှင် ထို မင်း နှစ် ပါး တို့ လက် တွင်း မှ ပြည် လုံး ကျွတ် သိမ်း ယူ ကြ ၏။ Judson Bible ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ ယော်ဒန်မြစ် အရှေ့ဘက်၌ရှိသောမြေကို ငါတို့သည်သိမ်းယူကြ၏။ |
အာမောရိဘုရင်ရှိဟုန်မင်းကြီး၊ ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏နယ်မြေဖြစ်သော ဂိလဒ်ပြည်၏နယ်စားမင်း ဥရိ၏သားဂေဗာတို့ဖြစ်ကြ၏။ ဂေဗာသည် ထိုပြည်၏တစ်ဦးတည်းသောနယ်စားမင်း ဖြစ်၏။
မနာရှေအမျိုးတစ်ဝက်တို့သည် လူဦးရေများပြားသဖြင့် ဗာလဟေရမုန်အရပ်၊ စနိရတောင်မှ ဟေရမုန်တောင်အထိ ဗာရှန်ပြည်တစ်လျှောက်လုံးတွင် နေထိုင်ကြ၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်မြစ်ဝှမ်းနှင့် ဟေရမုန်တောင်ရိုးတို့မှလည်းကောင်း၊ မိဇရတောင်မှလည်းကောင်း ကိုယ်တော်ကိုအောက်မေ့ပါ၏။
ကိုယ်တော်၏ရေတံခွန်တို့မြည်ဟည်းသံဖြင့် နက်ရှိုင်းရာအရပ်သည် နက်ရှိုင်းရာအရပ်ကိုဟစ်ခေါ်ပါ၏။ ကိုယ်တော်၏လှိုင်းလုံးများနှင့် လှိုင်းတံပိုးအပေါင်းတို့သည် အကျွန်ုပ်အပေါ်လွှမ်းမိုးသွားကြပါ၏။
မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏ပြည်ကို သိမ်းပိုက်ခဲ့ကြ၏။
အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှစ၍ ဟေရမုန်တောင်ဟုခေါ်သော စိအုန်တောင်တိုင်အောင်လည်းကောင်း၊
အစ္စရေးအမျိုးသားတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောပြည်နှင့်ဘုရင်များကား ဤသို့ဖြစ်၏။ အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အာနုန်ချောင်းမှစ၍ ဟေရမုန်တောင်အထိ၊ အရှေ့ဘက်အရာဗလွင်ပြင်တစ်ခုလုံး၊
ကျန်မနာရှေအမျိုးတစ်ဝက်နှင့် ရုဗင်အမျိုး၊ ဂဒ်အမျိုးတို့မူကား ဂျော်ဒန်မြစ်အရှေ့ဘက်တွင် မောရှေခွဲပေးသော အမွေမြေကို ရပြီးဖြစ်၏။ ထာဝရဘုရား၏ကျွန်မောရှေခွဲပေးခဲ့သည့်အတိုင်း