ထို့ကြောင့် အစ္စရေးလူမျိုးတို့က ထာဝရဘုရားအား “ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အမှန်တကယ်အပ်တော်မူလျှင် အကျွန်ုပ်တို့သည် သူတို့၏မြို့များကို အကုန်အစင်ဖျက်ဆီးပစ်ပါမည်”ဟု ကတိသစ္စာပြုလေ၏။
တရားဟော 3:6 - မြန်မာ့စံမီသမ္မာကျမ်း အကုန်အစင်ဖျက်ဆီးပစ်၏။ ငါတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးကို ပြုသကဲ့သို့ ထိုမြို့အားလုံးရှိ ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်၏။ Common Language Bible ငါတို့သည်ဟေရှဘုန်ဘုရင်ရှိဟုန်ပိုင်သော မြို့များနှင့်မြို့သူမြို့သားများကိုဖျက်ဆီး သုတ်သင်သကဲ့သို့ သြဃမင်းပိုင်သောမြို့ အားလုံးကိုဖျက်ဆီး၍ ယောကျာ်းမိန်းမနှင့် ကလေးသူငယ်အပေါင်းတို့ကိုသတ်ဖြတ် သုတ်သင်ခဲ့ကြသည်။- Garrad Bible ယောက်ျား၊ မိန်း မ၊ သူ ငယ် ရှိ သ မျှ ပါ၊ ဟေ ရှ ဘုန် မြို့ စံ ရှိ ဟုန် မင်း အား ပြု သ ကဲ့ သို့၊ ထို ကာ လ မြေ လှန် သည့် ပြင်၊ Judson Bible ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကိုပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို သုတ်သင်ပယ်ရှင်းကြ၏။ |
ထို့ကြောင့် အစ္စရေးလူမျိုးတို့က ထာဝရဘုရားအား “ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အမှန်တကယ်အပ်တော်မူလျှင် အကျွန်ုပ်တို့သည် သူတို့၏မြို့များကို အကုန်အစင်ဖျက်ဆီးပစ်ပါမည်”ဟု ကတိသစ္စာပြုလေ၏။
ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
ထ၍ ခရီးပြုကြလော့။ အာနုန်ချောင်းကိုကူးသွားလော့။ အာမောရိလူမျိုးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် သူ၏ပြည်ကို သင်တို့လက်သို့ ငါအပ်ပြီ။ သူ့ပြည်ကိုစတင်သိမ်းပိုက်လော့။ သူ့ကိုရန်စ၍ တိုက်ခိုက်လော့။
ထိုအခါ သူ၏မြို့ရှိသမျှကို ငါတို့သိမ်းယူ၏။ မြို့၌ရှိသမျှသော ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို လုံးလုံးဖျက်ဆီးပစ်၏။ အသက်ရှင်ကျန်ရစ်သူတစ်စုံတစ်ယောက်မျှမရှိ။
သင်တို့သည် မုန့်မစားခဲ့ရ၊ စပျစ်ဝိုင်နှင့်သေရည်သေရက်လည်း မသောက်ခဲ့ရကြ။
ထိုအခါ ထာဝရဘုရားက ငါ့အား ‘သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုမြို့အားလုံးသည် မြင့်မားသောတံတိုင်း၊ တံခါးများ၊ ကန့်လန့်ကျင်များရှိ၍ ခိုင်ခံ့သောမြို့များဖြစ်ကြ၏။ တောမြို့တို့ကိုလည်း အမြောက်အမြားသိမ်းပိုက်၍
အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။