ထိုမြို့အားလုံးသည် မြင့်မားသောတံတိုင်း၊ တံခါးများ၊ ကန့်လန့်ကျင်များရှိ၍ ခိုင်ခံ့သောမြို့များဖြစ်ကြ၏။ တောမြို့တို့ကိုလည်း အမြောက်အမြားသိမ်းပိုက်၍
ထိုမြို့အားလုံးတို့သည်မြင့်မားသောမြို့ရိုး၊ မြို့တံခါးများနှင့်မြို့တံခါးကန့်လန့်ကျင် များရှိသဖြင့် ခိုင်ခံ့သောမြို့များဖြစ်ကြ သည်။ အကာအကွယ်ကင်းမဲ့သောကျေးရွာ များလည်းအမြောက်အမြားရှိသည်။-
ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သောမြို့ဖြစ်သတည်း။ ထိုမှတစ်ပါး များစွာသောရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
သူတို့သည် ခိုင်ခံ့သောမြို့များနှင့် မြေဩဇာကောင်းသောပြည်ကို သိမ်းပိုက်ကြ၏။ ဥစ္စာရတနာနှင့်ပြည့်သောအိမ်များ၊ တူးပြီးသောရေတွင်းများ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ သီးစားပင်များစွာကို သိမ်းယူကြ၏။ သူတို့သည် ဝလင်စွာစားကြပြီး ဝဖြိုးကြ၏။ ကိုယ်တော်၏ကြီးမားလှသောကောင်းမြတ်ခြင်းကြောင့် သူတို့ ပျော်ရွှင်ကြည်နူးကြရ၏။
ကျေးလက်တောရွာများတွင် နေထိုင်သောဂျူးလူမျိုးတောသူတောင်သားတို့မူကား အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပကာ ထိုနေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ အိမ်နီးချင်းတစ်ဦးနှင့်တစ်ဦးစားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှကြ၏။
သို့သော်လည်း ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် ခွန်အားကြီးသောသူများဖြစ်ကြပြီး မြို့များသည် အလွန်ခိုင်ခံ့ကြီးမားပါ၏။ ထိုမျှမက အာနကအနွယ်ဝင်တို့ကိုလည်း ထိုအရပ်၌ အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါ၏။
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။
ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံဖြစ်သော အာဂေါဘနယ်မြေတစ်ခုလုံးတွင် မြို့ပေါင်းခြောက်ဆယ်ရှိ၍ ငါတို့သည် သူ၏မြို့ရှိသမျှကို တစ်မြို့မကျန် သိမ်းပိုက်ကြ၏။
အကုန်အစင်ဖျက်ဆီးပစ်၏။ ငါတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးကို ပြုသကဲ့သို့ ထိုမြို့အားလုံးရှိ ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်၏။
ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။
ရွှေကြွက်ရုပ်များမှာ ခံတပ်မြို့နှင့် ကျေးလက်ဒေသများအပါအဝင် ဖိလိတ္တိမင်းငါးပါးအုပ်ချုပ်သောမြို့ရွာတို့၏အရေအတွက်အတိုင်း ဖြစ်၏။ ထာဝရဘုရား၏သေတ္တာတော်တင်ထားခဲ့သောကျောက်တုံးကြီးသည် ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ထဲတွင် သက်သေအဖြစ် ရှိနေသေး၏။