ထို့နောက် သားတော်ရှောလမုန်ကို ခေါ်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကိုတည်ဆောက်ရမည့်အကြောင်း မိန့်မှာခဲ့၏။
တရားဟော 3:28 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုသည် ဤလူမျိုးတို့ကို ဦးဆောင်လျက် ဂျော်ဒန်မြစ်ကိုကူးသွား၍ သင်တွေ့မြင်ရမည့်ပြည်ကို သူတို့အား အမွေခွဲပေးရမည်ဖြစ်သောကြောင့် သူ့ကိုညွှန်ကြားလော့။ သူ့ကို အားပေးထောက်မလော့’ဟု မိန့်တော်မူ၏။ Common Language Bible ယောရှုအားတာဝန်လွှဲအပ်လော့။ သူသည်ဤလူ မျိုးကိုခေါင်းဆောင်၍ သင်မြင်သောပြည်သို့ ဖြတ်ကူးသိမ်းယူရမည်ဖြစ်သောကြောင့်သူ့ ကိုအားပေးလော့။ ကြံ့ခိုင်စေလော့' ဟုငါ့ အားမိန့်တော်မူ၏။'' Garrad Bible သင် မြင် ရ သော ပြည် သို့၊ အ ပိုင် ရ စေ ရန်၊ လူ မျိုး တော် ရှေ့ ဦး ဆောင် လျက် ကူး ချီ ရ သော ယော ရှု ကို ခန့် ထား၍ ထောက် မ အား ပေး ခဲ့ လော့ ဟု ငါ့ အား မိန့် တော် မူ ပြီး လျှင် Judson Bible သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အားမိန့်တော်မူ၏။ |
ထို့နောက် သားတော်ရှောလမုန်ကို ခေါ်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကိုတည်ဆောက်ရမည့်အကြောင်း မိန့်မှာခဲ့၏။
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
သင်တို့ကြောင့် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်ထွက်တော်မူ၍ ‘သင်သည်လည်း ထိုပြည်သို့ ဝင်ရမည်မဟုတ်။
သင့်ရှေ့၌ရပ်နေသော နုန်၏သား ယောရှုမူကား ထိုပြည်သို့ဝင်ရလိမ့်မည်။ သူ့အားဖြင့် အစ္စရေးလူမျိုးတို့ ထိုပြည်ကို အမွေဆက်ခံရမည်ဖြစ်၍ သူ့ကို အားပေးလော့။
ထို့နောက် ထာဝရဘုရားက နုန်၏သား ယောရှုအား “အားယူ၍ရဲရင့်ခြင်းရှိလော့။ ထိုပြည်ကို အစ္စရေးအမျိုးသားတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့ကိုပို့ဆောင်ရမည်။ ငါသည်လည်း သင်နှင့်အတူရှိမည်”ဟု မိန့်မှာတော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှကူးသွားတော်မူမည်။ ထိုလူမျိုးတို့ကို သင့်ရှေ့မှ ဖျက်ဆီးတော်မူသဖြင့် သင်သည် သူတို့ကိုနှင်ထုတ်လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုသည်လည်း သင်တို့ရှေ့မှကူးသွားမည်။
ထို့နောက် မောရှေသည် ယောရှုကိုခေါ်၍ အစ္စရေးလူမျိုးအပေါင်းတို့၏ရှေ့၌ သူ့အား “အားယူ၍ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား ထိုပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့နှင့်အတူဝင်ရောက်၍ ထိုပြည်ကို သူတို့၏ အမွေဖြစ်စေရမည်။
အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။
“ငါ၏အစေအပါးမောရှေကွယ်လွန်ပြီ။ ထို့ကြောင့် သင်နှင့်ဤလူအပေါင်းတို့သည် ဤဂျော်ဒန်မြစ်ကိုကူးပြီးလျှင် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ထဲသို့ ဝင်ကြလော့။