သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
တရားဟော 3:16 - မြန်မာ့စံမီသမ္မာကျမ်း ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့ကို ဂိလဒ်မြို့မှစ၍ အာနုန်ချောင်းအလယ်နယ်နိမိတ်အထိ၊ အမ္မုန်အမျိုးသားတို့နယ်နိမိတ်ဖြစ်သောယဗ္ဗုတ်ချောင်းအထိ၊ Common Language Bible ရုဗင်နှင့်ဂဒ်အနွယ်ဝင်တို့အား ဂိလဒ်မြို့မှ အာနုန်မြစ်အထိနယ်မြေကိုငါခွဲဝေပေး ၏။ ထိုမြစ်လယ်တစ်လျှောက်သည်သူတို့၏ တောင်ဘက်နယ်နိမိတ်ဖြစ်၍ အမ္မုန်ပြည်နယ် စပ်တစ်စိတ်တစ်ဒေသဖြစ်သောယဗ္ဗုတ်မြစ် သည်သူတို့၏မြောက်ဘက်နယ်နိမိတ်ဖြစ် သည်။- Garrad Bible ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ အား ဂိ လဒ် နယ် ကြား မှ၊ အ မ္မုန် အ မျိုး သား တို့ နယ် စပ် ဖြစ် သော ယ ဗ္ဗုတ် ချောင်း နှင့် နယ် စပ် ဖြစ် သော အာ နုန် ချောင်း လယ် အ ထိ၊ ပြည် နယ် ကိုလည်း ကောင်း၊ ဂ င်္နေ သ ရက် အိုင် မှ စ၍၊ Judson Bible ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့်တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင် မြေတစ်လျှောက်လုံးကိုလည်းကောင်း၊ |
သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
သူတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်ဝှမ်းအလယ် အာရော်မြို့တောင်ဘက်တွင် စခန်းချကြပြီးနောက် ယာဇာမြို့သို့ဆက်သွားကြ၏။
ထိုအခါ အစ္စရေးလူမျိုးတို့သည် ရှိဟုန်မင်းကြီးကို ဓားဖြင့်ခုတ်သတ်၍ အာနုန်ချောင်းမှ အမ္မုန်အမျိုးသားတို့၏နယ်စပ် ယဗ္ဗုတ်ချောင်းအထိ ထိုမင်း၏ပြည်ကိုသိမ်းပိုက်နိုင်၏။ အမ္မုန်အမျိုးသားတို့၏နယ်စပ်သည် အခိုင်အမာရှိ၏။
ယဗ္ဗုတ်ချောင်းတစ်လျှောက်မှစ၍ တောင်ပေါ်ဒေသရှိမြို့များနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားသမျှသော အမ္မုန်အမျိုးသားတို့၏မြေကိုကား မချဉ်းကပ်ရကြ။