ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
တရားဟော 29:22 - မြန်မာ့စံမီသမ္မာကျမ်း သင်၏မျိုးဆက်များဖြစ်သော သင်၏နောင်လာနောက်သားများနှင့် ဝေးသောပြည်မှလာသည့်တစ်ပါးအမျိုးသားများသည် ဤပြည်အပေါ် ထာဝရဘုရားကျရောက်စေသော ဘေးဒုက္ခများ၊ အနာရောဂါများကို မြင်သောအခါ Common Language Bible ``နောင်အခါ၌သင်တို့၏နောင်လာနောက် သားများနှင့် ရပ်ဝေးတိုင်းနိုင်ငံများမှလူ မျိုးခြားတို့သည် သင်တို့ပြည်၌ထာဝရ ဘုရားကျရောက်စေတော်မူသောဘေးဒဏ် များနှင့် ဆင်းရဲဒုက္ခများကိုမြင်ရကြလိမ့် မည်။- Garrad Bible နောင် ကာ လ၌၊ ထာ ဝ ရ ဘု ရား စွဲ ကပ် စေ တော် မူ သော အ နာ ရော ဂါ နှင့် ဘေး များ ကို လည်း ကောင်း၊ အ မျက် ဒေါ သ ထား သ ဖြင့် ဖြို လှဲ တော် မူ ခဲ့ သော သော ဒုံ၊ ဂေါ မော ရ၊ အာ ဒ မာ၊ ဇေ ဘိုင် မြို့ များ နည်း တူ မျိုး ကြဲ ခြင်း၊ ပျိုး ပင် မြက် ပင် ပေါက် ခြင်း မ ရှိ သည့် တိုင် အောင်၊ လောင် မီး ကျ ပြီး ကန့် ဆား ပြာ အ ဖြစ် ပြည် လုံး ကျွတ် ပြို လဲ သည် ကိုလည်း ကောင်း၊ ဖြစ် လ တ္တံ့ သော အ ဆက် သင် တို့ သား သ မီး များ နှင့် ဝေး ကွာ ရာ ပြည် မှ ရောက် အံ့ သော လူ မျိုး ခြား တို့ မှ စ၍ Judson Bible သူ့နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ်တော်မူသော၊ |
ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ဤမြို့ကို လူသူကင်းမဲ့ရာ၊ ကဲ့ရဲ့ပြစ်တင်စရာဖြစ်စေမည်။ ဤမြို့ခံရသောဘေးဒဏ်ကြောင့် ဤမြို့နား ဖြတ်သန်းသွားသောသူတိုင်း အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။
ထာဝရဘုရား မနှမြောဘဲ ဖျက်ဆီးပစ်သောမြို့များကဲ့သို့ ထိုသူဖြစ်ပါစေ။ နံနက်အချိန်၌ အော်ဟစ်သံ၊ မွန်းတည့်အချိန်၌ အချက်ပေးသံတို့ကို ကြားရပါစေ။
ထာဝရဘုရားက “ဧဒုံပြည်သည် ထိတ်လန့်စရာဖြစ်မည်။ ဤပြည်ခံရသောဘေးဒဏ်များကြောင့် ဤပြည်နား ဖြတ်သန်းသွားသောသူတိုင်း အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။
သောဒုံမြို့၊ ဂေါမောရမြို့မှစ၍ အိမ်နီးချင်းမြို့တို့ဖျက်ဆီးခံရသကဲ့သို့ ပျက်စီးမည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
ထာဝရဘုရား၏အမျက်တော်ကြောင့် ဘေဘီလုံမြို့တစ်မြို့လုံး လူသူကင်းမဲ့ရာဖြစ်မည်။ မည်သူမျှ နေထိုင်တော့မည်မဟုတ်။ ထိုမြို့ခံရသောဘေးဒဏ်များကြောင့် ထိုမြို့နားဖြတ်သွားသောသူအပေါင်းတို့သည် အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။