ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
တရားဟော 26:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက်၊ နိမိတ်လက္ခဏာများပြလျက်၊ အံ့ဩဖွယ်အမှုများပြုလျက် အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။- Garrad Bible အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း၊ ကြောက် မက် ဖွယ် တန် ခိုး နှင့် သက် သေ နိ မိတ် လ က္ခ ဏာ ပြ ခြင်း များ ဖြင့်၊ ငါ တို့ ကို ထုတ် ဆောင် ပြီး လျှင်၊ Judson Bible ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဖွယ်သော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ပြီးလျှင်၊ |
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
နှစ်ပေါင်းလေးရာ့သုံးဆယ်ပြည့်သောနေ့၌ပင် ထာဝရဘုရား၏လူစုအပေါင်းတို့သည် အီဂျစ်ပြည်မှထွက်လာခဲ့ကြ၏။
ဤနေ့၌ပင် ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ အဖွဲ့လိုက် ထုတ်ဆောင်တော်မူ၏။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
ဘုန်းကြီးသောလက်ရုံးတော်ကို မောရှေ၏လက်ယာလက်နှင့်အတူ ရှိစေသောသူ၊ နာမတော်အစဉ်ထင်ရှားစေရန် သူတို့ရှေ့တွင် ရေကိုခွဲသောသူ၊
နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများပြုလျက်၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် ကြောက်မက်ဖွယ်အမှုကြီးတို့ကိုပြု၍ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။
ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် သူ၏ပြည်သားအပေါင်းတို့ရှေ့တွင် နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်အမှု ရှိသမျှတို့ကိုပြုရန် ထာဝရဘုရားသည် မောရှေအား အီဂျစ်ပြည်သို့ စေလွှတ်တော်မူခဲ့၏။
မောရှေသည်လည်း တန်ခိုးကြီးသောအမှုရှိသမျှ၊ ကြီးမားကြောက်ရွံ့ဖွယ်သောအမှုရှိသမျှတို့ကို အစ္စရေးလူမျိုးအပေါင်းတို့ရှေ့မှောက်၌ ပြုခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် သင့်အား ထိုပြည်မှထုတ်ဆောင်တော်မူခဲ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် ဥပုသ်နေ့ကိုစောင့်ထိန်းရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားမိန့်မှာတော်မူခဲ့ခြင်းဖြစ်၏။