သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
တရားဟော 26:3 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ထိုအချိန်တွင် တာဝန်ကျသောယဇ်ပုရောဟိတ်ထံသို့သွား၍ ‘ထာဝရဘုရားက ထိုပြည်ကိုအကျွန်ုပ်တို့အား ပေးမည်ဟု အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ အကျွန်ုပ်ရောက်ရှိပြီဖြစ်ကြောင်း ဘုရားသခင်ထာဝရဘုရားအား ယနေ့အကျွန်ုပ်ကြားလျှောက်ပါ၏’ဟု ဆိုရမည်။ Common Language Bible ထိုအချိန်တွင်တာဝန်ကျသောယဇ်ပုရော ဟိတ်ထံသို့သွား၍`အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် ဘိုးဘေးတို့အားကတိ ထားတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ရှိ နေပြီဖြစ်ကြောင်းထာဝရဘုရားထံ ယနေ့ဝန်ခံပါ၏' ဟုပြောဆိုလော့။ Garrad Bible ဖြစ် အံ့ သော ပ ရော ဟိတ် ထံ ဝင် ရောက် ပြီး လျှင်၊ ပေး မည် ဟူ၍ ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် သို့ ကျွန် တော် တို့ ဝင် ရောက် ခွင့် ရ ကြောင်း၊ ကိုယ် တော်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ယ နေ့ ဝန် ခံ ပါ သည် ဟု လျှောက် ဆို ကြ လော့။ Judson Bible ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယနေ့အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ်အား ပြောဆိုရမည်။ |
သင်တည်းခိုနေထိုင်သောပြည်ဖြစ်သည့် ခါနာန်ပြည်တစ်ပြည်လုံးကို သင်နှင့်နောင်လာမည့် သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
အမှုအခင်းဖြစ်သော ထိုသူနှစ်ဦးသည် ထာဝရဘုရားရှေ့၊ ယဇ်ပုရောဟိတ်နှင့် ထိုအချိန်တွင် တရားသူကြီးဖြစ်သောသူတို့ရှေ့တွင် ရပ်ရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်မှထွက်ရှိသည့် မြေအသီးအနှံအားလုံး၏အသီးဦးအချို့ကိုယူ၍ တောင်းထဲထည့်ပြီးလျှင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
ယဇ်ပုရောဟိတ်သည်လည်း သင့်လက်ထဲမှတောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၌ ချထားရမည်။
ထိုမျှမက ငါတို့၌ ဘုရားသခင်၏အိမ်တော်ကိုအုပ်စိုးသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်ရှိသည်ဖြစ်၍
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။