မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
တရားဟော 25:13 - မြန်မာ့စံမီသမ္မာကျမ်း သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးဟူ၍ အချိန်ချင်းမတူသောအလေးမရှိရ။ Common Language Bible ``သင်တို့သည်အလေး၊ တင်းတောင်းတို့ဖြင့် ခြင်တွယ်သောအခါ မမှန်မကန်မခြင် တွယ်ရ။- Garrad Bible သင် တို့ အိတ်၌ အ လေး ကြီး ငယ် ကို မ ထား ရ။ Judson Bible သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးတည်းဟူသော ခြားနားသောအလေးကို မရှိစေရ။ |
မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
မှန်ကန်သောကတ္တားနှင့်ချိန်ခွင်ကို ထာဝရဘုရားပိုင်တော်မူ၏။ အိတ်ထဲ၌ရှိသောအလေးအားလုံးကိုလည်း ကိုယ်တော်ပြုလုပ်တော်မူ၏။
အချိန်ချင်းမတူသောအလေး၊ အဝင်ချင်းမတူသောခြင်တောင်း၊ ထိုနှစ်မျိုးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
အချိန်ချင်းမတူသောအလေးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မမှန်ကန်သောချိန်ခွင်သည်လည်း မကောင်းပေ။
သင်တို့က “လဆန်းပွဲနေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ငါတို့ စားနပ်ရိက္ခာရောင်းလိုလှပြီ။ ဥပုသ်နေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ဂျုံစပါးဈေး ဖွင့်လိုလှပြီ။ ဧဖာတောင်းငယ်၊ ရှယ်ကယ်အလေးကြီးနှင့် ချိန်ခွင်လျှာကို ကိုယ့်ဘက်သာအောင် လုပ်ကြမည်။
သင့်အိမ်၌ ကြီးသောတောင်း၊ ငယ်သောတောင်းဟူ၍ အဝင်ချင်းမတူသောခြင်တောင်းမရှိရ။