သို့ဖြစ်၍ အကျွန်ုပ်သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်ဖခင်ထံသို့ပြန်ရောက်သောအခါ အကျွန်ုပ်တို့နှင့်အတူ သူငယ်မပါလျှင် အဖေ၏အသက်သည် သူငယ်၏အသက်နှင့်နှောင်ဖွဲ့ရစ်ပတ်လျက်ရှိသောကြောင့်
တရားဟော 24:6 - မြန်မာ့စံမီသမ္မာကျမ်း ကြိတ်ဆုံတစ်စုံလုံးကိုဖြစ်စေ၊ အပေါ်ကျောက်ပြားကိုဖြစ်စေ အပေါင်လက်မခံရ။ လက်ခံလျှင် အသက်ကို အပေါင်လက်ခံသည်နှင့်တူ၏။ Common Language Bible ``သင်သည်တစ်စုံတစ်ခုကိုချေးငှားသော အခါ စပါးကြိတ်ဆုံကျောက်များကိုအပေါင် ပစ္စည်းအဖြစ်လက်မခံရ။ ထိုသို့ပြုလျှင် ချေးငှားသူ၏အသက်ကို အပေါင်ခံခြင်း လက်ခံရာရောက်မည်။ Garrad Bible ကြိတ် ဆုံ ကို သော်လည်း ကောင်း၊ အ ထက် ကျေက် သွား ကို သော်လည်း ကောင်း၊ အ သက် မွေး ရာ ဖြစ် သော ကြောင့်။ အ ပေါင် မ ခံ ရ။ Judson Bible ကြိတ်ဆုံအပေါ် ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင်မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့်တူ၏။ |
သို့ဖြစ်၍ အကျွန်ုပ်သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်ဖခင်ထံသို့ပြန်ရောက်သောအခါ အကျွန်ုပ်တို့နှင့်အတူ သူငယ်မပါလျှင် အဖေ၏အသက်သည် သူငယ်၏အသက်နှင့်နှောင်ဖွဲ့ရစ်ပတ်လျက်ရှိသောကြောင့်
သင်သည် ကိုယ့်ညီအစ်ကိုတို့၏အပေါင်ပစ္စည်းကိုပင် အကြောင်းမဲ့သိမ်းယူ၍ သူတို့၏အဝတ်ကို ချွတ်ယူကာ အဝတ်မပါအချည်းစည်း ရှိစေ၏။
ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်သည် မြို့တစ်မြို့ကို သိမ်းယူရန် အချိန်ကြာမြင့်စွာဝိုင်းရံတိုက်ခိုက်သောအခါ ထိုမြို့ရှိသစ်ပင်ကို ပုဆိန်နှင့်ပေါက်၍ မဖျက်ဆီးရ။ ထိုအပင်တို့မှ အသီးကို သင်စားသုံးနိုင်သည်ဖြစ်၍ ထိုအပင်တို့ကို မခုတ်လှဲရ။ ကွင်းပြင်ရှိသစ်ပင်တို့ကို သင်ဝိုင်းရံတိုက်ခိုက်ရလေအောင် သစ်ပင်ကား လူလော။
အိမ်ထောင်ပြုခါစ ယောက်ျားတစ်ယောက်သည် စစ်တိုက်မသွားရ။ သူ့အား မည်သည့်တာဝန်မျှမပေးရ။ သူသည် တစ်နှစ်ပတ်လုံး မိမိအိမ်၌ လွတ်လပ်စွာနေ၍ မိမိယူထားသောမယားကို ပျော်ရွှင်အောင်ထားရမည်။
တစ်စုံတစ်ယောက်သည် မိမိအမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့ထဲမှ တစ်ယောက်ယောက်ကို ခိုးယူပြီး ထိုသူကို ကျွန်ပြုသည်ဖြစ်စေ၊ ရောင်းစားသည်ဖြစ်စေ ထိုသူခိုးကိုတွေ့လျှင် အသေသတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏တီးမှုတ်သံကို သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အမျိုးမျိုးသောလက်မှုပညာတတ်ကျွမ်းသော မည်သည့်လက်မှုပညာသည်ကိုမျှ သင့်အထဲ၌ လုံးဝတွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။