“ညအချိန် သင့်ကို သူခိုးဓားပြဝင်တိုက်လျှင် သင်မည်မျှဆုံးရှုံးသွားမည်နည်း။ သူတို့လိုချင်သောအရာကိုသာ ယူသွားကြမည်မဟုတ်လော။ သင့်ခြံ၌ စပျစ်သီးလာခူးကြလျှင် ကောက်သင်းကောက်သူအတွက် ချန်ထားတတ်ကြသည်မဟုတ်လော။
တရားဟော 24:21 - မြန်မာ့စံမီသမ္မာကျမ်း သင်၏စပျစ်ခြံမှ စပျစ်သီးကိုဆွတ်ခူးပြီးနောက် ကောက်သင်းမကောက်ရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။ Common Language Bible စပျစ်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန်သော အသီးများကို လူမျိုးခြားများမိဘမဲ့ ကလေးများနှင့် မုဆိုးမများအတွက်ချန် ထားရမည်။- Garrad Bible စ ပျစ် သီး ကို ဆွတ် ခူး ကြ ပြီး လျှင်၊ ကောက် သင်း မ ကောက် ဘဲ ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ တို့ အ ဖို့ ရှိ စေ။ Judson Bible သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူသောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသောအသီးသည် တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ဖြစ်ရမည်။ |
“ညအချိန် သင့်ကို သူခိုးဓားပြဝင်တိုက်လျှင် သင်မည်မျှဆုံးရှုံးသွားမည်နည်း။ သူတို့လိုချင်သောအရာကိုသာ ယူသွားကြမည်မဟုတ်လော။ သင့်ခြံ၌ စပျစ်သီးလာခူးကြလျှင် ကောက်သင်းကောက်သူအတွက် ချန်ထားတတ်ကြသည်မဟုတ်လော။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိလယ်ယာ၌ သီးနှံရိတ်သိမ်းသောအခါ လယ်ယာထဲ၌ မေ့ကျန်ခဲ့သောကောက်လှိုင်းကို ပြန်မယူရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
သင်သည် သံလွင်သီးကို ခါချသောအခါ ကြွင်းကျန်သောအသီးကို နောက်တစ်ခါ မခါချရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့် ဤပညတ်ကို လိုက်နာရန် သင့်အား ငါမှာကြားခြင်းဖြစ်၏။