Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 24:21 - Common Language Bible

21 စ​ပျစ်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန်​သော အ​သီး​များ​ကို လူ​မျိုး​ခြား​များ​မိ​ဘ​မဲ့ က​လေး​များ​နှင့် မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 စ ပျစ် သီး ကို ဆွတ် ခူး ကြ ပြီး လျှင်၊ ကောက် သင်း မ ကောက် ဘဲ ဝင် နေ သူ၊ ဘ သက် ဆိုး၊ မု ဆိုး မ တို့ အ ဖို့ ရှိ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သင်၏​စ​ပျစ်​ဥ​ယျာဉ်၌ စ​ပျစ်​သီး​ကို ဆွတ်​ယူ​သော​အ​ခါ ပြန်၍ ကောက်​သိမ်း​ခြင်း​ကို မ​ပြု​ရ။ ကျန်​ကြွင်း​သော​အ​သီး​သည် တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သင်​၏​စပျစ်ခြံ​မှ စပျစ်သီး​ကို​ဆွတ်ခူး​ပြီးနောက် ကောက်သင်း​မ​ကောက်​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 24:21
5 ပူးပေါင်းရင်းမြစ်များ  

``သူ​ခိုး​တို့​သည်​ညဥ့်​အ​ခါ​လာ​ခဲ့​သော်၊ မိ​မိ​တို့​အ​လို​ရှိ​ရာ​ပစ္စည်း​များ​ကို​သာ လျှင် ယူ​ငင်​သွား​ကြ​၏။ စ​ပျစ်​သီး​ဆွတ်​ခူး​ရန်​လာ​သော​သူ​တို့​သည် လည်း၊ စ​ပျစ်​သီး​အ​နည်း​ငယ်​ကို​ချန်​ထား​ခဲ့​တတ် ကြ​၏။ သို့​ရာ​တွင်​သင်​၏​ရန်​သူ​တို့​မူ​ကား၊သင်​၏ ပစ္စည်း​များ​ကို အ​ကုန်​အ​စင်​သိမ်း​ယူ​သွား​ကြ​လေ​ပြီ။


``သင်​တို့​သည်​ကောက်​ပင်​များ​ကို​ရိတ်​သိမ်း သော​အ​ခါ ကျန်​ရစ်​သော​ကောက်​လှိုင်း​များ​ကို တစ်​ပတ်​ပြန်​ကြော့​၍​မ​စု​သိမ်း​ရ။ ထို​ကောက် လှိုင်း​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ခဲ့​ရ​မည်။ ယင်း​အ​တိုင်း​ပြု​ပါ​မူ​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ပြု​လေ​သ​မျှ​ကို​ကောင်းချီး​ပေး​တော်​မူ လိမ့်​မည်။-


သံ​လွင်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန် သော​အ​သီး​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ အ​တွက်​ချန်​ထား​ရ​မည်။-


သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ရ ဖူး​ကြောင်း​ကို ဘယ်​သော​အ​ခါ​မျှ​မ​မေ့ ကြ​နှင့်။ ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​ဤ ပ​ညတ်​ကို​ပေး​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ