ဖခင်သည် သားသမီးအပြစ်ကြောင့် သေဒဏ်မခံရ။ သားသမီးသည်လည်း ဖခင်အပြစ်ကြောင့် သေဒဏ်မခံရ။ လူတိုင်း မိမိအပြစ်ကြောင့် သေဒဏ်ခံရမည်။
``သားသမီးတို့၏ပြစ်မှုကြောင့် မိဘတို့သေ ဒဏ်မခံစေရ။ ထိုနည်းတူမိဘတို့၏ပြစ်မှု ကြောင့် သားသမီးတို့သေဒဏ်မခံစေရ။ လူ တိုင်းမိမိ၏ပြစ်မှုကြောင့်သာသေဒဏ်ခံ စေရမည်။
အ ဘ သည် သား၏ ပြစ် မှု ကြောင့်လည်း ကောင်း၊ သား သည် အ ဘ၏ ပြစ် မှု ကြောင့်လည်း ကောင်း၊ သေ ဒဏ် မ ခံ ရ။ မည် သူ မ ဆို ကိုယ့် ပြစ် မှု ကြောင့် သာ သေ ဒဏ် ခံ စေ။
အဘသည် သား၏အပြစ်ကြောင့်လည်းကောင်း၊ သားသည် အဘ၏အပြစ်ကြောင့်လည်းကောင်း အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။
သို့သော် သူသည် “သားသမီးကြောင့် ဖခင်ကို မသတ်ရ။ ဖခင်ကြောင့် သားသမီးကို မသတ်ရ။ လူတိုင်း ကိုယ့်အပြစ်နှင့်ကိုယ်သာ အသတ်ခံရမည်”ဟု မောရှေပညတ္တိကျမ်းတွင်ရေးသားထားသော ထာဝရဘုရား၏ပညတ်ချက်အတိုင်း ခမည်းတော်အားလုပ်ကြံသောသူတို့၏သားသမီးများကိုမူ မကွပ်မျက်ခဲ့ပေ။
အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ သားသည် ဖခင်၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖခင်သည်လည်း သား၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် သူ၏ဖြောင့်မတ်ခြင်းအကျိုးကို ခံစားရလိမ့်မည်။ ဆိုးယုတ်သောသူသည် သူ၏ဆိုးယုတ်ခြင်းအကျိုးကို ခံရလိမ့်မည်။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
ကောရ၏သားတို့မူကား အသတ်မခံရကြ။
ထိုအခါ ရှင်ဘုရင်က “အဟိမလက်၊ သင်နှင့်သင့်ဖခင်၏အိမ်ထောင်မိသားစုအားလုံး မုချသေရမည်”ဟု ဆိုပြီး