ထိုသူသည် နောက်ထပ်မိန်းမယူလျှင် ယခင်မိန်းမအား အစားအစာ၊ အဝတ်အထည်နှင့် မယားရပိုင်ခွင့်တို့ကို မလျှော့ရ။
တရားဟော 24:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိန်းမတစ်ယောက်နှင့်စုံဖက်ပြီးနောက် ထိုမိန်းမ၌ညစ်ညူးသောအရာကိုတွေ့သဖြင့် သူ့ကိုမနှစ်မြို့လျှင် ကွာရှင်းစာရေးပြီး သူ့လက်ထဲအပ်၍ အိမ်မှထွက်သွားစေရမည်။ Common Language Bible ``ယောကျာ်းတစ်ဦးသည်မိန်းမတစ်ဦးနှင့်ထိမ်း မြားလက်ထပ်ပြီးနောက် ထိုမိန်းမတွင်မနှစ် မြို့စရာတွေ့မြင်လာသဖြင့် ဆက်လက်၍ မပေါင်းသင်းလိုသော်သူသည် ထိုမိန်းမအား ဖြတ်စာကိုရေးပေး၍အိမ်မှဆင်းသွား စေရမည်။- Garrad Bible အ ကယ်၍ လူ တစ် ဦး သည်၊ မိန်း မ ကို ဆောင် ယူ ပေါင်း သင်း ပြီး မှ၊ ရှက် ဖွယ် ရာ ကို တွေ့ လျက် မ နှစ် သက် သ ဖြင့်၊ ဖြတ် စာ ရေး ပေး၍ အိမ် မှ ထုတ် ပြီး နောက်၊ Judson Bible တစ်စုံတစ်ယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တစ်ဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။ |
ထိုသူသည် နောက်ထပ်မိန်းမယူလျှင် ယခင်မိန်းမအား အစားအစာ၊ အဝတ်အထည်နှင့် မယားရပိုင်ခွင့်တို့ကို မလျှော့ရ။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
“မိမိမယားနှင့်ကွာရှင်းသောသူ၊ ရက်စက်ကြမ်းကြုတ်မှုကို ဝတ်လုံနှင့်ဖုံးကွယ်သောသူအား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မုန်းတော်မူ၏။ သို့ဖြစ်၍ ကိုယ့်စိတ်ကို ထိန်း၍ သစ္စာမဖောက်ကြနှင့်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားရှိသောမိန်းမသည် ဖောက်ပြန်၍ မိမိယောက်ျားအပေါ် သစ္စာမဲ့သဖြင့်
သို့သော် ထိုမိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိဘဲ စင်ကြယ်သည်ဆိုလျှင် သူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်၍ သားသမီးထွန်းကားလိမ့်မည်။
သူ၏ခင်ပွန်းယောသပ်သည် ဖြောင့်မတ်သောသူဖြစ်သည်နှင့်အညီ မာရိကို အရှက်မကွဲစေလိုသဖြင့် သူ့ကိုတိတ်တဆိတ်ကွာရှင်းရန် ရည်ရွယ်လေ၏။
မိမိမယားကိုကွာရှင်း၍ အခြားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူတိုင်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ ခင်ပွန်းကကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
တစ်စုံတစ်ယောက်၌ မယားနှစ်ယောက်ရှိပြီး တစ်ယောက်ကိုချစ်၍ အခြားတစ်ယောက်ကိုမုန်း၏။ အချစ်ခံရသောမယားနှင့် အချစ်မခံရသောမယားတို့သည် သူ့အတွက် သားများကို မွေးဖွားသောအခါ အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်လျှင်
သူသည် အစ္စရေးအပျိုကညာကို နာမည်ပျက်စေပြီဖြစ်သောကြောင့် သူ့ကို ငွေရှယ်ကယ်တစ်ရာဒဏ်တပ်၍ ထိုငွေကို မိန်းကလေး၏ဖခင်အား ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။
ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။
ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍
နောက်ယောက်ျားသည်လည်း ထိုမိန်းမကိုမုန်းသဖြင့် ကွာရှင်းစာရေးပြီး သူ့လက်ထဲ၌အပ်၍ အိမ်မှထွက်သွားစေသည်ဖြစ်စေ၊ ထိုမိန်းမနှင့်စုံဖက်သောနောက်ယောက်ျားသေဆုံးသွားသည်ဖြစ်စေ