ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။
တရားဟော 23:3 - မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်လူမျိုး၊ မောဘလူမျိုးတို့သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူတို့၏မျိုးဆက် ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ Common Language Bible ``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။- Garrad Bible အ မ္မုန် အ မျိုး၊ မော ဘ အ မျိုး သား တို့ သည် အိ ဂျစ် ပြည် မှ သင် တို့ ထွက် လာ ကြ သည့် ကာ လ၊ အ စား အ သောက် နှင့် မ ကြို ဆို ဘဲ မေ သော ပေါ တာ မိ ပြည်၊ ပေ သော် မြို့ နေ ဗော ရ သား ဗာ လမ် ကို သင် တို့ အား အ မင်္ဂ လာ ပေး စေ ရန် ငှား သော ကြောင့်၊ အ ခါ ခပ် သိမ်း၊ အ နွယ် ဒ သ မ အ ဆက် တိုင် အောင်၊ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် တော်၌ မ ပါ မ ဝင် ရ။ Judson Bible အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင် မဝင်ရ။ |
ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။
သူ့အနားရှိ အမ္မုန်လူမျိုးတောဘိကလည်း “သူတို့တည်ဆောက်နေသောကျောက်မြို့ရိုးသည် မြေခွေးခုန်တက်ရုံမျှနှင့်ပင် ပြိုသွားလိမ့်မည်”ဟု ဆို၏။
ဂျေရုဆလင်မြို့ရိုးကို ဆက်၍ပြုပြင်နေကြောင်း၊ ပြိုပျက်ရာများကို စ၍ဖာထေးနေကြောင်းကို သမ္ဘာလတ်၊ တောဘိမှစ၍ အာရပ်လူမျိုး၊ အမ္မုန်လူမျိုး၊ အာဇုတ်လူမျိုးတို့ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လေ၏။
ထာဝရဘုရား၌ မှီဝဲဆည်းကပ်သောတိုင်းတစ်ပါးသားက “ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးတော်နှင့် သီးခြားခွဲထားတော်မူလိမ့်မည်”ဟု မဆိုစေနှင့်။ မိန်းမစိုးကလည်း “ငါသည်ခြောက်သွေ့သောသစ်ပင်ဖြစ်၏”ဟု မဆိုစေနှင့်။
အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။
‘သင့်ဝန်းကျင်၌ရှိသောသူကိုချစ်၍ သင်၏ရန်သူကို မုန်းရမည်’ ဟု ဆိုထားသည်ကို သင်တို့ကြားရ၏။
ဖောက်ပြန်ရာမှရသောကလေးသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူ၏မျိုးဆက် ဆယ်ဆက်မြောက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
ရွေးနုတ်ခွင့်ရှိသူကလည်း “ကျွန်ုပ်ပိုင်သောအမွေမြေအတွက် အန္တရာယ်ဖြစ်မည်ကို စိုးသောကြောင့် ကျွန်ုပ်မရွေးနုတ်တော့ပါ။ ကျွန်ုပ်မရွေးနုတ်နိုင်သောကြောင့် သင်သာ ရွေးနုတ်ပါ”ဟု ပြန်ပြော၏။