ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌လည်းကောင်း၊
တရားဟော 23:23 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။ Common Language Bible သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။ Judson Bible သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားအား ကိုယ်အလိုအလျောက် သစ္စာကတိထား၍၊ ကိုယ်နှုတ်နှင့်မြွက်ဆိုသော စကားကိုတည်စေ၍၊ ကတိရှိသည်အတိုင်းပြုရမည်။ |
ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌လည်းကောင်း၊
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
တစ်စုံတစ်ခုကို သန့်ရှင်းသောအရာအဖြစ် အလျင်စလိုဆက်ကပ်၍ ကတိသစ္စာပေးပြီးမှ ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ထောင်ချောက်ဖြစ်၏။
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တန်ဖိုးဖြတ်သည့်အတိုင်း တစ်စုံတစ်ယောက်သည် လူကို ထာဝရဘုရားထံ ဆက်ကပ်ပေးလှူရန် ကတိသစ္စာပြုသောအခါ
ယောက်ျားတစ်ယောက်သည် ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆိုခြင်းဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ သူသည် မိမိစကားကိုမဖျက်ရ။ မိမိနှုတ်ထွက်သမျှအတိုင်း ပြုရမည်။
တစ်ဖန် ‘မမှန်မကန်တိုင်တည်ပြောဆိုခြင်းမပြုဘဲ သင်ပြုထားသောကတိသစ္စာများကို ထာဝရဘုရားရှေ့တော်၌ စောင့်ထိန်းရမည်’ ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားရ၏။
မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
သင်သည် မိမိအိမ်နီးချင်း၏စပျစ်ခြံထဲသို့ဝင်သောအခါ စပျစ်သီးကို သင်စားလိုသမျှ အဝစားခွင့်ရှိ၏။ သို့သော် သင့်အိတ်ထဲ ထည့်ယူမသွားရ။
လူထုခေါင်းဆောင်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ကျိန်ဆိုထားပြီဖြစ်၍ အစ္စရေးအမျိုးသားတို့က သူတို့ကို မတိုက်ခိုက်ဘဲနေ၏။ သို့သော် အစ္စရေးလူထုတစ်ရပ်လုံးက ခေါင်းဆောင်တို့ကို အပြစ်တင်ကြ၏။
ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။