ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
တရားဟော 23:18 - မြန်မာ့စံမီသမ္မာကျမ်း ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ Common Language Bible ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။ Garrad Bible ထို ကျား၊ မ တို့ ရ သော ပြည့် တန် ဆာ ခ ငွေ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ရွံ ရှာ ဖွယ် ဖြစ် သော ကြောင့် သ စ္စာ ဝတ် ဖြေ ခြင်း ငှါ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗိ မာန် တော် သို့ မ ဆောင် မ သွင်း ကြ ရ။ Judson Bible ပြည့်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း၍ ရသောငွေကို သစ္စာကတိပြေစေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။ |
ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
အမှန်စင်စစ် ခွေးများသည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဆိုးညစ်သောအမှုကိုပြုသောလူတစ်စုသည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေနှင့်အကျွန်ုပ်၏လက်ကို ထိုးဖောက်ကြပါ၏။
ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်သကဲ့သို့ မိုက်မဲသောသူသည် မိမိပြုသောမိုက်မဲမှုကို ထပ်တလဲလဲပြုတတ်၏။
ငါထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်၏။ မတရားလုယက်မှုကို မုန်းတီး၏။ ငါသည် သစ္စာတရားနှင့်အညီ သူတို့အား အကျိုးအပြစ်ကိုပေးမည်။ သူတို့နှင့်ထာဝရပဋိညာဉ်ဖွဲ့မည်။
ပြည့်တန်ဆာမတို့သည် သူတို့ထံလာသောလူဆီမှ အခကြေးငွေကို ယူတတ်ကြ၏။ သင်မူကား သင်ချစ်သောသူတို့ကို အခကြေးငွေပေးတတ်၏။ အရပ်တကာမှယောက်ျားတို့ သင့်ထံလာ၍ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ သင်သည် သူတို့ကိုငှားရမ်းတတ်၏။
မိန်းမနှင့် သင်အိပ်သကဲ့သို့ ယောက်ျားနှင့် မအိပ်ရ။ ထိုအမှုသည် စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။
သင်၏သမီးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်းဖြင့် အသရေပျက်အောင်မလုပ်ရ။ လုပ်ခိုင်းလျှင် ပြည်သည် ပြည့်တန်ဆာပြည်ဖြစ်လာ၍ ညစ်ညမ်းသောအမှုနှင့်ပြည့်နှက်လိမ့်မည်။
တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
ကတိသစ္စာပြုခြင်းအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်ခြင်းအတွက် ပူဇော်သောယဇ်ဖြစ်လျှင် ထိုယဇ်ကောင်ကို ပူဇော်သောနေ့၌ စားရမည်။ အကျန်ကို နောက်တစ်နေ့၌လည်း စားခွင့်ရှိ၏။
ထိုမြို့ရှိ ရုပ်တုအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်စေမည်။ ပြည့်တန်ဆာလုပ်၍ရသောအခအားလုံးကို မီးလောင်ကျွမ်းစေမည်။ ရုပ်တုရှိသမျှကိုလည်း အပျက်အစီးပုံဖြစ်စေမည်။ သူစုဆောင်းထားသောပြည့်တန်ဆာလုပ်အားခသည် ပြည့်တန်ဆာအခ ပြန်ဖြစ်လိမ့်မည်။”
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းချေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍
ထိုမိန်းကလေးသည် မိမိဖခင်၏အိမ်၌ ပြည့်တန်ဆာလုပ်ခြင်းဖြင့် အစ္စရေးလူမျိုးထဲ၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့် ထိုမိန်းကလေးကို သူ့ဖခင်၏အိမ်တံခါးသို့ ခေါ်သွား၍ မြို့သားယောက်ျားတို့သည် သူ့ကို ခဲနှင့်အသေပေါက်သတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။
ခွေးများကို သတိပြုကြလော့။ မကောင်းသောလုပ်သားများကို သတိပြုကြလော့။ ကိုယ်အင်္ဂါလှီးဖြတ်သောသူတို့ကို သတိပြုကြလော့။
ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်၏။ ရေချိုးပြီးသောဝက်သည် ရွှံ့တွင်ပြန်လူးတတ်၏ဟူသော မှန်ကန်သည့်ဆိုရိုးစကားအတိုင်း ထိုသူတို့၌ဖြစ်ပျက်လေပြီ။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။