ထိုသို့ ပြုသောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်အရာများကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှ နှင်ထုတ်ခဲ့ခြင်း ဖြစ်၏။
တရားဟော 22:5 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည် မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ပြုသောသူအားလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ Common Language Bible ``အမျိုးသမီးတို့သည်ယောကျာ်းတို့၏ အဝတ်ကိုမဝတ်ရ။ ယောကျာ်းတို့သည်လည်း အမျိုးသမီးတို့၏အဝတ်ကိုမဝတ်ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုသို့ဝတ်ဆင်သောသူများကို စက်ဆုပ်ရွံရှာတော်မူ၏။ Garrad Bible မိန်း မ သည် ယောက်ျား ဝတ် ဆင် ရာ ကိုလည်း ကောင်း၊ ယောက်ျား သည် မိန်း မ ဝတ် ဆင် ရာ ကိုလည်း ကောင်း၊ မ ဝတ် မ ဆင် ရ။ ဝတ် ဆင် လျှင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ရွံ ရှာ ဖွယ် ဖြစ်၏။ Judson Bible မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ |
ထိုသို့ ပြုသောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်အရာများကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှ နှင်ထုတ်ခဲ့ခြင်း ဖြစ်၏။
သင့်ညီအစ်ကို၏မြည်းဖြစ်စေ၊ နွားဖြစ်စေ လမ်း၌လဲနေသည်ကို သင်တွေ့လျှင် မသိကျိုးကျွန်မပြုရ။ သူ့ကိုဝိုင်းကူ၍ ဆွဲထူပေးရမည်။
လမ်းဘေးသစ်ပင်ပေါ်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ အကောင်ပေါက်များရှိသောငှက်သိုက်၊ ဥများရှိသောငှက်သိုက်၊ အကောင်ပေါက်များ၊ သို့မဟုတ် ဥများကို ငှက်မဝပ်နေသောငှက်သိုက်ကို သင်တွေ့မိလျှင် ငှက်မနှင့် ငှက်သားပေါက်များကို မယူရ။