ထို့နောက်မှ ယာကုပ်သည် လာဗန်အား “အကျွန်ုပ်၏အချိန်ပြည့်ပြီဖြစ်၍ အကျွန်ုပ်သည် မယားထံသို့ဝင်နိုင်ရန် သူ့ကိုအကျွန်ုပ်နှင့်ထိမ်းမြားပေးပါ”ဟု ဆို၏။
တရားဟော 22:24 - မြန်မာ့စံမီသမ္မာကျမ်း သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။ Common Language Bible သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။ Garrad Bible မြို့ အ တွင်း ဖြစ် လျက် မ အော် သော မိန်း မ နှင့်၊ သာ မိ က မိန်း မ ကို ရှုတ် ချ သော ယောက်ျား နှစ် ဦး လုံး ကို မြို့ တံ ခါး ပြင် သို့ ထုတ် ပြီး လျှင်၊ ခဲ ပစ် သတ် ဒဏ် ခတ် ကြ လော့။ သို့ မှ သင် တို့ ဘောင် တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် လိမ့် မည်။ Judson Bible ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သောကြောင့်လည်းကောင်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်လည်းကောင်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။ |
ထို့နောက်မှ ယာကုပ်သည် လာဗန်အား “အကျွန်ုပ်၏အချိန်ပြည့်ပြီဖြစ်၍ အကျွန်ုပ်သည် မယားထံသို့ဝင်နိုင်ရန် သူ့ကိုအကျွန်ုပ်နှင့်ထိမ်းမြားပေးပါ”ဟု ဆို၏။
အကြောင်းမူကား ဤသို့ပြုခြင်းသည် ညစ်ညမ်းသောအမှု၊ အပြစ်ဒဏ်ခံထိုက်သောအမှုဖြစ်၏။
အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
သို့သော် ဤအကြောင်းကို စဉ်းစားဆင်ခြင်နေစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ဒါဝိဒ်၏သားယောသပ်၊ မာရိအား သင်၏ဇနီးအဖြစ်ယူရမည်ကို မစိုးရိမ်နှင့်။ အကြောင်းမူကား သူ၌တည်နေသောသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်၏။
ယောသပ်သည် အိပ်ပျော်ရာမှ နိုးလာသောအခါ သူ့အား ထာဝရဘုရား၏ကောင်းကင်တမန်မိန့်မှာသည့်အတိုင်းပြု၍ မာရိကို မိမိ၏ဇနီးအဖြစ်ယူလေ၏။
အပြင်လူတို့ကိုမူကား ဘုရားသခင်စီရင်တော်မူလိမ့်မည်။ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ ဖယ်ရှားကြလော့။
သင်တို့သည် ဝမ်းနည်းကြေကွဲလျက် ထိုအမှုကိုပြုသောသူအား သင်တို့အထဲမှ ဖယ်ရှားရမည့်အစား မာနထောင်လွှားလျက်နေကြ၏။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
သက်သေထွက်ဆိုသူသည် ထိုသူကိုသတ်ရာတွင် အဦးဆုံးပြုရမည်။ ထို့နောက်မှ ကျန်သောသူအပေါင်းတို့ ပြုရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှ ဖယ်ရှားပစ်ရမည်။
သင်သည် သူ့ကိုမနှစ်သက်တော့လျှင် သူ့ဆန္ဒအတိုင်း သူ့ကိုထွက်သွားခွင့်ပေးရမည်။ သို့သော် သင်သည် သူ့ကိုအသရေညှိုးနွမ်းစေပြီဖြစ်၍ သူ့ကို ငွေဖြင့် လုံးဝမရောင်းရ၊ ကျွန်မပြုရ။
ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသူရှိသည့်အပျိုကညာမိန်းကလေးတစ်ယောက်ကို မြို့ထဲ၌တွေ့၍ ထိုမိန်းကလေးနှင့်အိပ်လျှင်
ယောက်ျားတစ်ယောက်သည် စေ့စပ်ထားသည့်မိန်းကလေးကို လူသူကင်းသောအရပ်၌တွေ့၍ ထိုယောက်ျားသည် သူ့ကိုဖမ်းချုပ်ပြီး သူနှင့်အိပ်လျှင် ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားကိုသာ သတ်ရမည်။