နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
တရားဟော 21:8 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်ကိုဖြေလွှတ်တော်မူပါ။ အပြစ်မဲ့သောသူအားသတ်သောအပြစ်ကို ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့အပေါ် ကျရောက်စေတော်မမူပါနှင့်’ဟု လျှောက်ဆိုရမည်။ ထိုအခါ ကိုယ်တော်သည် လူသတ်သောအပြစ်ကို ဖြေလွှတ်တော်မူမည်။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်အီဂျစ်ပြည် မှကယ်တင်ခဲ့သော ဣသရေလလူမျိုး၏ အပြစ်ကိုလွှတ်တော်မူပါ။ အကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်တော်မူပါ။ အပြစ်မဲ့သူ တစ်ယောက်ကိုသတ်သောအပြစ်သည် အကျွန်ုပ် တို့အပေါ်တွင်မကျရောက်ပါစေနှင့်' ဟု ဆိုရမည်။- Garrad Bible အို ထာ ဝ ရ ဘု ရား၊ ရွေး နုတ် တော် မူ ခဲ့ သော ဣ သ ရေ လ လူ မျိုး တော် ကို ချမ်း သာ ပေး၍၊ လူ မျိုး တော် ဘောင် တွင် အ ပြစ် ကင်း သူ၏ သွေး သွန်း ပြစ် ကို ထား တော် မ မူ ပါ လင့် ဟု တောင်း လျှောက် ကြ သည့် အ တိုင်း သွေး သွန်း ပြစ် ချမ်း သာ ရ ကြ လိမ့် မည်။ Judson Bible အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက်သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကိုသတ်သော အပြစ်လွတ်လိမ့်မည်။ |
နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
ထိုအခါ ရှင်ဘုရင်က “သူပြောသည့်အတိုင်း ပြုပါ။ သူ့ကို ကွပ်မျက်ပြီး သင်္ဂြိုဟ်လိုက်ပါ။ သို့ပြုလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်၏ခမည်းတော်အမျိုးအနွယ်သည် ယွာဘကအကြောင်းမရှိဘဲ လူအသက်သတ်ခဲ့သောအပြစ်များနှင့် ကင်းဝေးလိမ့်မည်။
မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
အကယ်စင်စစ် ဤစကားအလုံးစုံကို သင်တို့အားကြားပြောရန် ထာဝရဘုရား ငါ့ကိုစေလွှတ်တော်မူသည်ဖြစ်၍ ငါ့ကိုသတ်လျှင် သင်တို့နှင့်တကွ ဤမြို့နှင့်မြို့သူမြို့သားတို့သည် အပြစ်မဲ့သောသူအား သတ်သောအပြစ်သင့်လိမ့်မည်ကို သိမှတ်ကြလော့”ဟု ဆို၏။
သူတို့သည် အီဂျစ်ပြည်တွင် အပျိုဖြန်းဘဝကတည်းက ပြည့်တန်ဆာအလုပ်ကို လုပ်ကြ၏။ သူတို့၏သားမြတ်ကို အပွတ်သပ်ခံပြီး သူတို့၏အပျိုရည်ကို ပျက်စီးစေကြ၏။
ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်အရှေ့တွင် ထာဝရဘုရားထံ ပူဇော်ရန် ပူဇော်သက္ကာအဖြစ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ မယူဆောင်ခဲ့လျှင် ထိုသူ၌ အသက်သတ်သောအပြစ်ရှိသည်ဟု မှတ်ယူရမည်။ ထိုသူသည် အသက်သတ်သည်ဖြစ်၍ သူသည် မိမိလူမျိုးထဲမှ ပယ်ဖျက်ခြင်းခံရမည်။
ထိုအခါ သူတို့က “အို ထာဝရဘုရား၊ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့ကိုပါ ဖျက်ဆီးတော်မမူပါနှင့်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်ကို အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မမူပါနှင့်။ ထာဝရဘုရား၊ ကိုယ်တော်သည် အလိုတော်အတိုင်း ပြုတော်မူပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်ပြောဆိုကြ၏။
သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။
ထို့နောက် သူတို့က ‘ငါတို့၏လက်သည် ဤသွေးကိုမသွန်း၊ ငါတို့၏မျက်စိသည်လည်း ဤအမှုကိုမမြင်။