တရားဟော 21:5 - မြန်မာ့စံမီသမ္မာကျမ်း
လေဝိသားမြေးယဇ်ပုရောဟိတ်တို့လည်း လာရမည်။ အကြောင်းမူကား သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်ရန်၊ ထာဝရဘုရား၏နာမတော်၌ ကောင်းချီးပေးရန် သူတို့ကို ရွေးကောက်ထားတော်မူသည်ဖြစ်၍ သူတို့သည် အမှုအခင်းရှိသမျှ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိသမျှကို စီရင်ရ၏။
အခန်းကိုကြည့်ပါ။
လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
အခန်းကိုကြည့်ပါ။
ရှေ့ တော်၌ ဝတ် ပြု စေ ရန်လည်း ကောင်း၊ နာ မ တော် ကို အ မှီ ပြု၍ ကောင်း ကြီး မင်္ဂ လာ ပေး စေ ရန် လည်း ကောင်း၊ သင် တို့ ဘု ရား သခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သည့် အ တိုင်း လက် ရောက် မှု မှ စ၍ အ မှု အ မျိုး မျိုး ကို ဆုံး ဖြတ် ရ သော လေ ဝိ အ နွယ် ပ ရော ဟိတ် တို့ လည်း ချဉ်း လာ ကြ ပြီး လျှင်၊
အခန်းကိုကြည့်ပါ။
သင်၏ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအခွင့်နှင့် ကောင်းချီးပေးစေခြင်းငှာလည်းကောင်း ရွေးချယ်တော်မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
အခန်းကိုကြည့်ပါ။