ငါသည် သင်တို့နှင့်အတူရှိမည်။ သင်တို့ထံ ပြန်လှည့်လာမည်။ သင်တို့ပေါ်တွင် ထွန်ယက်စိုက်ပျိုးမည်။
တရားဟော 21:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ထွန်ယက်စိုက်ပျိုး၍မရသော ရေစီးနေသည့်ချိုင့်ဝှမ်းသို့ နွားမတမ်းကိုခေါ်ဆောင်လာ၍ ထိုချိုင့်ဝှမ်း၌ နွားမတမ်း၏လည်ပင်းကိုချိုးရမည်။ Common Language Bible ထိုနွားမကိုရေမခန်းသည့်ချောင်းအနီး ရှိမြေရိုင်းတစ်ကွက်သို့ခေါ်ဆောင်၍ ထို နေရာတွင်နွားမ၏လည်ကိုချိုး၍သတ် ရမည်။- Garrad Bible လယ် မ လုပ်၊ မျိုး မ ကြဲ၊ ရေ မ ပြတ် သော ချောင်း ရှိ ရာ ချိုင့် ထဲ သို့ ငင် သွား လျက်၊ လည် ကို ချိုး ကြ စေ။ Judson Bible လယ်မလုပ် မျိုးစေ့မကြဲနိုင်အောင် ရေမပြတ်သောချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊ |
ငါသည် သင်တို့နှင့်အတူရှိမည်။ သင်တို့ထံ ပြန်လှည့်လာမည်။ သင်တို့ပေါ်တွင် ထွန်ယက်စိုက်ပျိုးမည်။
အသတ်ခံရသောသူနှင့်အနီးဆုံးမြို့မှ သက်ကြီးဝါကြီးတို့သည် မခိုင်းရသေးသော၊ ထမ်းပိုးမတင်ရသေးသော နွားမတမ်းတစ်ကောင်ကိုယူရမည်။
လေဝိသားမြေးယဇ်ပုရောဟိတ်တို့လည်း လာရမည်။ အကြောင်းမူကား သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်ရန်၊ ထာဝရဘုရား၏နာမတော်၌ ကောင်းချီးပေးရန် သူတို့ကို ရွေးကောက်ထားတော်မူသည်ဖြစ်၍ သူတို့သည် အမှုအခင်းရှိသမျှ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိသမျှကို စီရင်ရ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
ယခု လှည်းအသစ်တစ်စီး ပြုလုပ်ပါ။ သားပေါက်ရှိပြီး ထမ်းပိုးမတင်ဖူးသေးသောနွားမနှစ်ကောင်ကို ယူ၍ ထိုနွားမတို့ကိုလှည်း၌ ကပါ။ နွားသားပေါက်များကိုမူ နွားခြံ၌ ပြန်ထားပါ။