ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
တရားဟော 2:4 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် လူတို့အား “သင်တို့သည် စိရပြည်၌နေထိုင်သော သင်တို့၏ညီအစ်ကိုများဖြစ်သည့် ဧသောသားမြေးတို့၏နယ်မြေကိုဖြတ်သွားသောအခါ သူတို့သည် သင်တို့ကို ကြောက်ရွံ့ကြလိမ့်မည်။ သင်တို့ အထူးသတိပြုကြလော့။ Common Language Bible ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊- Garrad Bible လူ မျိုး တော် အား ဆင့် ဆို ရ မည် မှာ၊ စိ ရ တောင် တွင် နေ ကြ သော၊ သင် တို့ ဆွေ မျိုး သား ချင်း ဖြစ် သူ၊ ဧ သော့ အ မျိုး သား တို့ သည် ပြည် နယ် ကို သင် တို့ ဖြတ် သွား သည့် အ တွက်၊ ကြောက် ရွံ့ ကြ မည်။ ထို လူ မျိုး အား မ တိုက် ခိုက် ရန် သ တိ ပြု ကြ လော့။ Judson Bible သင်သည် လူများတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့နေသော စိရပြည်အနားမှာ သင်တို့လျှောက်သွားသောအခါ၊ သူတို့သည် ကြောက်ကြလိမ့်မည်။ ထိုကြောင့် သတိပြုကြလော့။ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြလိမ့်မည်။
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍
‘သင်တို့သည် ဤတောင်ပေါ်ဒေသတွင် ကြာမြင့်စွာ လှည့်လည်နေကြပြီ။ မြောက်ဘက်သို့ လှည့်သွားကြဦးလော့။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။