ရှိဟုန်မင်းကြီးနှင့် သူ့လူအပေါင်းတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ယာဟတ်အရပ်သို့ ချီတက်လာကြ၏။
ရှိဟုန်ဘုရင်သည်ငါတို့ကိုတိုက်ခိုက်ရန် သူ ၏စစ်သည်ဗိုလ်ပါအပေါင်းတို့နှင့်ယာဟတ် မြို့အနီးသို့ချီတက်လာကြသည်။-
ရှိ ဟုန် မင်း သည်၊ အ လုံး အ ရင်း ရှိ သ မျှ ပါ၊ ငါ တို့ ကို ဆီး ဆို့ တိုက် ခိုက် ရန်၊ ယာ ဟတ် မြို့ သို့ ချီ ထွက် ရာ၊
ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှာ ထွက်လာ၏။
ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။
ငါသည် ငြိမ်းချမ်းရေးကိုလိုလား၏။ သို့သော် ငါပြောဆိုသောအခါ သူတို့သည် စစ်ကိုသာလိုလားကြ၏။
၎င်းတို့တွင် အာမောရိဘုရင် ရှိဟုန်၊ ဗာရှန်ဘုရင် ဩဃနှင့် ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ပါ၏။
၎င်းတို့တွင် အာမောရိဘုရင် ရှိဟုန်ပါ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ယခုမှစ၍ ရှိဟုန်မင်းကြီးနှင့်သူ၏ပြည်ကို သင်တို့အားငါပေးပြီ။ ထိုပြည်ကိုပိုင်ဆိုင်ဖို့ စတင်သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ငါတို့ထံအပ်တော်မူသဖြင့် ငါတို့သည် သူမှစ၍ သူ့သားများနှင့်တကွ သူ့လူအပေါင်းတို့ကို လုပ်ကြံလေ၏။
တစ်ဖန် ငါတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ ထွက်လာ၏။
အစ္စရေးအမျိုးသားတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောပြည်နှင့်ဘုရင်များကား ဤသို့ဖြစ်၏။ အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အာနုန်ချောင်းမှစ၍ ဟေရမုန်တောင်အထိ၊ အရှေ့ဘက်အရာဗလွင်ပြင်တစ်ခုလုံး၊