တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
တရားဟော 2:20 - မြန်မာ့စံမီသမ္မာကျမ်း (ယခင်က ထိုပြည်၌ ရေဖိမ်လူမျိုးများနေထိုင်ကြ၏။ ထိုပြည်ကို ရေဖိမ်လူမျိုးတို့၏ပြည်ဖြစ်သည် ဟုလည်းမှတ်ယူကြ၏။ အမ္မုန်လူမျိုးတို့သည် သူတို့ကို ဇံဇုမ္မိမ်လူမျိုး ဟုခေါ်ကြ၏။ Common Language Bible (ယခင်အခါကရီဖိမ်လူမျိုးနေထိုင်ခဲ့သဖြင့် ထိုပြည်ကိုရီဖိမ်ပြည်ဟူ၍ခေါ်တွင်သည်။ အမ္မုန် အမျိုးသားတို့ကသူတို့ကိုဇံဇုမ္မိမ်ဟူ၍ခေါ် ကြသည်။- Garrad Bible ဇံ ဇု မ္မိမ် ဟု အ မ္မုန် လူ မျိုး တို့ သ မုတ် သော ရေ ဖိမ် လူ မျိုး သည် ထို ပြည် တွင် ရှေး ကာ လ နေ ထိုင် ကြ သည် ကို အ စွဲ ပြု၍၊ ရေ ဖိမ် ပြည် ဟု ခေါ် ဝေါ် ကြ ၏။ Judson Bible ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သားတို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။ |
တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
ရေဖိမ်လူမျိုးတို့ကို အာနကလူမျိုးများကဲ့သို့ ဖြစ်သည် ဟုမှတ်ယူကြ၏။ မောဘလူမျိုးတို့သည် ရေဖိမ်လူမျိုးတို့ကို ဧမိမ်လူမျိုး ဟုခေါ်ကြ၏။
ထိုလူမျိုးတို့သည် အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြား၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို အမ္မုန်အမျိုးသားတို့၏ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် အမ္မုန်အမျိုးသားတို့သည် သူတို့ပြည်ကို သိမ်းပိုက်၍ သူတို့နေရာ၌ နေထိုင်ကြ၏။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)