သို့ရာတွင် သူသည် မရည်ရွယ်ဘဲ သူ့လက်၌ဘုရားသခင်အပ်သဖြင့် လူကိုသတ်မိလျှင် ထိုသူထွက်ပြေးရမည့်နေရာကို ငါသတ်မှတ်ပေးမည်။
တရားဟော 19:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ‘သင်သည် မြို့သုံးမြို့ကို သီးခြားခွဲထားရမည်’ဟု သင့်အား ငါမိန့်မှာခဲ့ခြင်းဖြစ်၏။ Common Language Bible ထိုကြောင့်ငါသည်သင်တို့အားမြို့သုံးမြို့ ကို သီးသန့်သတ်မှတ်ထားရှိစေခြင်းဖြစ် သည်။'' Garrad Bible ထို သုံး မြို့ ကို သီး ခြား ထား စေ ဟု ငါ အ မိန့် ရှိ၏။ Judson Bible ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာထား၏။ |
သို့ရာတွင် သူသည် မရည်ရွယ်ဘဲ သူ့လက်၌ဘုရားသခင်အပ်သဖြင့် လူကိုသတ်မိလျှင် ထိုသူထွက်ပြေးရမည့်နေရာကို ငါသတ်မှတ်ပေးမည်။
သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။
သင်၏ဘုရားသခင်ထာဝရဘုရားက သင့်ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သင်၏နယ်မြေကို ကျယ်ပြန့်စေ၍ သင့်ဘိုးဘေးတို့အား ပေးမည်ဟု ကတိထားတော်မူခဲ့သည့် ပြည်တစ်ပြည်လုံးကို သင့်အား ပေးတော်မူလျှင်၊
ထိုအချိန်၌ ငါသည် သင်တို့အား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့သော် ရဲစွမ်းသတ္တိရှိသူအပေါင်းတို့သည် လက်နက်ကိုင်စွဲလျက် သင်တို့ညီအစ်ကိုအစ္စရေးအမျိုးသားတို့၏ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
ထို့နောက် မောရှေသည် ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်၌ မြို့သုံးမြို့ကို သီးခြားခွဲထား၏။