လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
တရားဟော 18:16 - မြန်မာ့စံမီသမ္မာကျမ်း ဟောရပ်တောင်၌ စုဝေးသောနေ့တွင် သင်က ‘အကျွန်ုပ်မသေရပါမည့်အကြောင်း အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို ထပ်၍မကြားရပါစေနှင့်။ ဤမီးတောက်ကြီးကိုလည်း ထပ်၍မမြင်ရပါစေနှင့်’ဟု သင်၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်ခဲ့သည့်အတိုင်း Common Language Bible ``သင်တို့သည်သိနာတောင်တွင်စုရုံးရောက် ရှိသောနေ့၌ ထာဝရဘုရား၏စကားသံ ကိုနောက်တစ်ဖန်မကြားပါရစေနှင့်။ မီးလျှံ ကြီးကိုလည်း နောက်တစ်ဖန်မမြင်ပါရစေ နှင့်ဟူ၍တောင်းပန်ခဲ့ကြ၏။ ကိုယ်တော်၏ အသံတော်နှင့်မီးလျှံကိုကြားရမြင်ရ လျှင် သင်တို့သေမည်ကိုစိုးရိမ်သောကြောင့် ယင်းသို့တောင်းပန်ခြင်းဖြစ်၏။- Garrad Bible ဟော ရပ် တောင် မှ စည်း ဝေး ကြ သည့် နေ့ ရက် တော်၌၊ သင် တို့ က၊ သေ ဘေး နှင့် ကင်း လွတ် ကြ ရန်၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် သံ ကို ထပ် မံ မ ကြား ဝံ့။ ဤ မ ဟာ မီး တော် ကို လည်း ထပ် မံ မ ကြည့် ဝံ့ ပါ ဟု သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ တောင်း လျှောက် ကြ သည့် အ တိုင်း၊ Judson Bible ဟောရပ်အရပ်တွင် စည်းဝေးကြသောနေ့၌ သင်က၊ နောက်တစ်ဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသောမီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊ |
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
ထို့နောက် သူတို့က မောရှေအား “သင်သာလျှင် အကျွန်ုပ်တို့ကိုဆင့်ဆိုပါလော့။ အကျွန်ုပ်တို့နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်ဆိုတော်မမူပါစေနှင့်။ မိန့်ဆိုတော်မူလျှင် အကျွန်ုပ်တို့သေကြရပါလိမ့်မည်”ဟု ဆိုကြ၏။
ထာဝရဘုရားသည် လက်တော်ကိုဆန့်၍ ငါ၏နှုတ်ကိုတို့တော်မူ၏။ ထို့နောက် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏နှုတ်ကပတ်တော်ကို သင့်နှုတ်၌ ငါထားပြီ။
မောရှေက “ဟောရပ်တောင်၌ ငါတို့၏ဘုရားသခင်ထာဝရဘုရားက ငါတို့အား ‘သင်တို့သည် ဤတောင်၌ ကြာမြင့်စွာနေထိုင်ကြပြီ။
သင်တို့စုဝေးခဲ့သောနေ့၌ သင်တို့အား တောင်ပေါ်တွင် မီးထဲမှ ထာဝရဘုရားမိန့်တော်မူခဲ့သည့် ပညတ်တော်ဆယ်ပါးကို ယခင်ကျောက်ပြား၌အက္ခရာတင်ထားခဲ့သည့်အတိုင်း ထာဝရဘုရားသည် ထိုကျောက်ပြားတို့ပေါ်၌ အက္ခရာတင်တော်မူပြီးလျှင် ငါ့အားပေးတော်မူ၏။
ဘုရားသခင်၏လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောကျောက်ပြားနှစ်ချပ်ကို ထာဝရဘုရားသည် ငါ့အား ပေးအပ်တော်မူ၏။ စုဝေးရာနေ့၌ သင်တို့အား တောင်ပေါ်တွင် မီးထဲမှ ထာဝရဘုရားမိန့်တော်မူခဲ့သည့်စကားအလုံးစုံတို့ကို ထိုကျောက်ပြားပေါ်၌ အက္ခရာတင်ထား၏။
တံပိုးမှုတ်သံနှင့် နှုတ်ကပတ်တော်အသံတို့ရှိရာတောင်သို့ ချဉ်းကပ်ကြသည်မဟုတ်။ ထိုအသံတော်ကိုကြားရသောသူတို့သည် မိမိတို့အား ထပ်မံ၍မိန့်တော်မမူရန် တောင်းပန်ကြ၏။