Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 18:16 - Common Language Bible

16 ``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဟော ရပ် တောင် မှ စည်း ဝေး ကြ သည့် နေ့ ရက် တော်၌၊ သင် တို့ က၊ သေ ဘေး နှင့် ကင်း လွတ် ကြ ရန်၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် သံ ကို ထပ် မံ မ ကြား ဝံ့။ ဤ မ ဟာ မီး တော် ကို လည်း ထပ် မံ မ ကြည့် ဝံ့ ပါ ဟု သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ တောင်း လျှောက် ကြ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဟောရပ်​တောင်​၌ စုဝေး​သော​နေ့​တွင် သင်​က ‘​အကျွန်ုပ်​မ​သေ​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​မ​ကြား​ရ​ပါစေ​နှင့်​။ ဤ​မီးတောက်​ကြီး​ကို​လည်း ထပ်၍​မ​မြင်​ရ​ပါစေ​နှင့်​’​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​ခဲ့​သည့်​အတိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 18:16
8 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-


သူ​တို့​က​မော​ရှေ​အား``ကိုယ်​တော်​က​သာ အ​ကျွန်ုပ်​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​ကို ဆင့်​ဆို​ပါ။ အ​ကျွန်ုပ်​တို့​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​အ​ကျွန်ုပ်​တို့​အား​တိုက် ရိုက်​မိန့်​ကြား​ပါ​က အ​ကျွန်ုပ်​တို့​သေ​မည် ကို​စိုး​ရိမ်​ပါ​သည်'' ဟု​ဆို​လေ​၏။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​၍ ငါ​၏​နှုတ်​ကို​တို့​တော်​မူ​ပြီး လျှင်``နား​ထောင်​လော့၊ သင်​ပြော​ဆို​ရ​မည့်​ဗျာ ဒိတ်​စ​ကား​ကို ယ​ခု​ပင်​သင့်​အား​ငါ​ပေး​၏။


မော​ရှေ​က``ငါ​တို့​သည်​သိ​နာ​တောင်​တွင်​ရှိ​နေ ကြ​စဉ် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`သင်​တို့​သည်​ဤ​တောင်​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ကြ​ပြီ။-


ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တောင် ခြေ​တွင်​စု​ရုံး​သော​နေ့​က မီး​ထဲ​မှ​သင်​တို့​အား မိန့်​တော်​မူ​သော​ပ​ညတ်​တော်​ဆယ်​ပါး​ကို ယ​ခင် ကျောက်​ပြား​များ​ပေါ်​တွင်​ရေး​သား​တော်​မူ သည်​အ​တိုင်း ထို​ကျောက်​ပြား​များ​ပေါ်​တွင် ရေး​သား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို ကျောက်​ပြား​များ​ကို​ငါ့​အား​ပေး​တော်​မူ​၏။-


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ