လူကိုသတ်သော လူသတ်သမားတိုင်း သက်သေ၏ထွက်ဆိုချက်အတိုင်း အသတ်ခံရမည်။ သို့ရာတွင် ထိုသူသည် သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် သေဒဏ်မခံရ။
တရားဟော 17:6 - မြန်မာ့စံမီသမ္မာကျမ်း သေဒဏ်ခံရမည့်သူသည် သက်သေထွက်ဆိုသူနှစ်ဦးသုံးဦးရှိလျှင် သေဒဏ်ခံရမည်။ သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သေဒဏ်မခံရ။ Common Language Bible သို့ရာတွင်သက်သေခံနှစ်ဦးသုံးဦးရှိမှ သာထိုအပြစ်ရှိသူကိုသေဒဏ်စီရင်ရ မည်။ သက်သေတစ်ဦးတည်း၏ထွက်ချက် ဖြင့်ထိုသူကိုသေဒဏ်မစီရင်ရ။- Garrad Bible သေ ဒဏ် ခံ ထိုက် သူ သည် သက် သေ ခံ တစ် ဦး တည်း ထွက် ဆို က၊ သေ ဒဏ် လွတ် စေ။ နှစ် ဦး သုံး ဦး ထွက် ဆို သော် သေ ဒဏ် ခံ စေ။ Judson Bible သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံတစ်ယောက်တည်းရှိလျှင် အသေမခံရ။ |
လူကိုသတ်သော လူသတ်သမားတိုင်း သက်သေ၏ထွက်ဆိုချက်အတိုင်း အသတ်ခံရမည်။ သို့ရာတွင် ထိုသူသည် သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် သေဒဏ်မခံရ။
နားမထောင်လျှင်မူကား သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန်အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။
“ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမရှိ၊ သူပြုနေသောအမှုအရာကိုလည်းမသိဘဲ စီရင်ပါမည်လော”ဟု ဆိုလျှင်
ယခု တတိယအကြိမ် သင်တို့ထံသို့ ငါလာခဲ့မည်။ သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးသည် အတည်ပြုခြင်းခံရလိမ့်မည်။
တစ်စုံတစ်ယောက် ပြုမိသောဒုစရိုက်၊ ကျူးလွန်မိသောအပြစ် တစ်ခုခုအတွက် သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သူ၏စကား အတည်မဖြစ်ရ။ မည်သည့်ပြစ်မှုမဆို သက်သေနှစ်ဦးသုံးဦး၏ထွက်ဆိုသောစကားအားဖြင့်သာ အတည်ဖြစ်ရမည်။
သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးမရှိလျှင် အသင်းတော်အကြီးအကဲအပေါ်စွပ်စွဲချက်ကို လက်မခံနှင့်။
မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။